၂၀၂၅ ခုနှစ် မတ်လအတွင်း မြန်မာနိုင်ငံအလယ်ပိုင်း၌ လှုပ်ခတ်ခဲ့သည့် အင်အား ၇ ဒသမ ၇ ရှိ စစ်ကိုင်းငလျင်ကြီးကြောင့် မန္တလေးမြို့အနီးမှစ၍ မိုင် ၃၁၀ (ကီလိုမီတာ ၅၀၀ ခန့်) အထိ မြေပြင်ပြတ်ရွေ့ခဲ့ကြောင်း တရုတ်နိုင်ငံ CUMT မှ သုတေသီ ရှုဝေဝမ် (Shuai Wang) ဦးဆောင်သော အဖွဲ့၏ ဂြိုဟ်တုအချက်အလက် လေ့လာဆန်းစစ်ချက်အရ သိရသည်။ယင်းငလျင်သည် မြေပြင်မျက်နှာပြင်အထိ ၁၅ ပေခန့် တိုက်ရိုက်ရွေ့လျားခဲ့သည့်အပြင် ငလျင်လှိုင်းထက် မြန်ဆန်စွာ အရှိန်ရွေ့လျားသည့် ရှားပါးဖြစ်စဉ် (Supershear Rupture) ဖြစ်ခဲ့သဖြင့် ပြတ်ရွေ့အနီးရှိ အဆောက်အအုံများနှင့် အခြေခံအဆောက်အအုံများ လွန်စွာ ပျက်စီးခဲ့ရခြင်း ဖြစ်သည်။ အဆိုပါ ငလျင်ဖြစ်စဉ်မှ အချက်အလက်များသည် ကမ္ဘာပေါ်ရှိ San Andreas ကဲ့သို့ အန္တရာယ်များသည့် ပြတ်ရွေ့ကြောများကို လေ့လာရာတွင်လည်း အရေးပါမည်ဖြစ်ပြီး ယင်းသုတေသနကို Geodesy and Geodynamics ဂျာနယ်၌ ဖော်ပြထားသည်။
စစ်ကိုင်းငလျင်ကြီးကြောင့် မိုင် ၃၁၀ ခန့် ပြတ်ရွေ့ခဲ့ပြီး ဖျက်ဆီးအား ပြင်းထန်ခဲ့ဟု တရုတ်သုတေသီများ လေ့လာတွေ့ရှိ
Jul 25 • 9:38 AM
မြန်မာ
စစ်ကိုင်း
မျှဝေမည်
| 25 | 0 | 0 | 0 |


