back

ကျောင်းချိန်အတွင်း ကျောင်းသား၊ ကျောင်းသူများ မိုဘိုင်းဖုန်း မသုံးရန် တားမြစ်ထား

Jul 25 • 9:00 AM

breaking-news

မြန်မာ

ပြည်တွင်း

cover

ကျောင်းချိန်အတွင်း ကျောင်းသား၊ ကျောင်းသူများ မိုဘိုင်းဖုန်း မသုံးရန် တားမြစ်ထား

အခြေခံပညာကျောင်းများ၌ ကျောင်းချိန်အတွင်း ကျောင်းသား၊ ကျောင်းသူများ မိုဘိုင်းဖုန်း သုံးစွဲခြင်းကို တားမြစ်ထားကြောင်း ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးနေမျိုးလှိုင...

အခြေခံပညာကျောင်းများ၌ ကျောင်းချိန်အတွင်း ကျောင်းသား၊ ကျောင်းသူများ မိုဘိုင်းဖုန်း သုံးစွဲခြင်းကို တားမြစ်ထားကြောင်း ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးနေမျိုးလှိုင်က ဇူလိုင် ၂၄ ရက် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ပြောကြားခဲ့သည်။ ပုသိမ်ကြီး မဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းနိုင်၏ အရွယ်မရောက်သေးသူများ၏ မိုဘိုင်းဖုန်းနှင့် အွန်လိုင်း သုံးစွဲမှု ထိန်းချုပ်ရေး မေးခွန်းကို ပြန်လည်ဖြေကြားခဲ့ခြင်း ဖြစ်ပြီး ဖုန်း အလွန်အကျွံ သောက်သုံးမှုနှင့် မသင့်လျော်သည့် ဆိုရှယ်မီဒီယာများ အသုံးပြုမှု ဆိုးကျိုးများမှ ကာကွယ်ရန် ဖြစ်ကြောင်း ဆိုသည်။ ထို့ပြင် နည်းပညာကို ပညာရေး အထောက်အကူပြုအဖြစ် စည်းကမ်းချက်များနှင့်အညီ သုံးနိုင်ရေး၊ Digital Safety နှင့် မိဘ၊ ဆရာ၊ ကျောင်းသား ပူးပေါင်း အသိပညာပေး လုပ်ငန်းများကို သက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့် ပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

news-view-count-icon

33