back

ထိုင်းမှာ ယာဉ်စည်းကမ်းဖောက်ဖျက်ဒဏ်ငွေ မဆောင်ထားရင် နှစ်စဉ် ယာဉ်အခွန်တံဆိပ် ထုတ်ပေးတာကို ဆိုင်းငံ့ထားတော့မည်

Jul 25 • 1:45 AM

breaking-news

ထိုင်း

ပြည်တွင်းသတင်း

cover

ထိုင်းမှာ ယာဉ်စည်းကမ်းဖောက်ဖျက်ဒဏ်ငွေ မဆောင်ထားရင် နှစ်စဉ် ယာဉ်အခွန်တံဆိပ် ထုတ်ပေးတာကို ဆိုင်းငံ့ထားတော့မည်

ထိုင်းနိုင်ငံမှာ မော်တော်ယာဉ်အခွန် နှစ်စဉ်တိုးတဲ့အခါ ပေးဆောင်ဖို့ကျန်နေတဲ့ ယာဉ်စည်းကမ်းဖောက်ဖျက်မှု ဒဏ်ကြေးတွေကို ချိတ်ဆက်စစ်ဆေးမယ့် စနစ်သစ်ကို ၂၀၂၆ ခုနှစ် သြဂု...

ထိုင်းနိုင်ငံမှာ မော်တော်ယာဉ်အခွန် နှစ်စဉ်တိုးတဲ့အခါ ပေးဆောင်ဖို့ကျန်နေတဲ့ ယာဉ်စည်းကမ်းဖောက်ဖျက်မှု ဒဏ်ကြေးတွေကို ချိတ်ဆက်စစ်ဆေးမယ့် စနစ်သစ်ကို ၂၀၂၆ ခုနှစ် သြဂုတ်လ ၁ ရက်နေ့ကစပြီး စတင်ကျင့်သုံးတော့မှာ ဖြစ်ပါတယ်။ ထိုင်းရဲတပ်ဖွဲ့နဲ့ ကုန်းလမ်းပို့ဆောင်ရေးဦးစီးဌာန (DLT) တို့အကြား သတင်းအချက်အလက် ပူးပေါင်းမျှဝေမယ့် သဘောတူညီချက်အရ အကောင်အထည်ဖော်တာဖြစ်ပြီး သြဂုတ် ၁ ရက်နောက်ပိုင်း ထုတ်ပြန်တဲ့ ဒဏ်ကြေးတွေအတွက်ပဲ အကျုံးဝင်မှာ ဖြစ်ပါတယ်။ယာဉ်ပိုင်ရှင်တွေအနေနဲ့ ဒဏ်ကြေး မဆောင်ရသေးရင်လည်း နှစ်စဉ်အခွန် သွားရောက်ပေးဆောင်နိုင်မှာ ဖြစ်ပေမဲ့ တရားဝင် အခွန်စတစ်ကာ (Tax Disc) အစား ရက် ၃၀ သက်တမ်းရှိတဲ့ ယာယီစာရွက်စာတမ်းကိုပဲ ရရှိမှာ ဖြစ်ပါတယ်။ ဒဏ်ကြေးအားလုံးကို အပြည့်အဝ ပေးဆောင်ပြီးမှသာ တရားဝင် စတစ်ကာကို ထုတ်ပေးမှာဖြစ်ပြီး ယာယီစာရွက်စာတမ်း သက်တမ်းကုန်ပြီးနောက် စတစ်ကာမပါဘဲ မောင်းနှင်ရင် သီးခြားပြစ်ဒဏ်နဲ့ ဒဏ်ကြေး ထပ်မံကျခံရမှာ ဖြစ်ပါတယ်။

news-view-count-icon

18