back

တောမီးလောင်ကျွမ်းမှုကြောင့် စပိန်ရဲ့မက်ဒရစ်မြို့အနီးမှာ အရေးပေါ် အခြေအနေ ကြေညာ

Jul 25 • 1:39 AM

breaking-news

မြန်မာ

ပြည်ပ

cover

တောမီးလောင်ကျွမ်းမှုကြောင့် စပိန်ရဲ့မက်ဒရစ်မြို့အနီးမှာ အရေးပေါ် အခြေအနေ ကြေညာ

မက်ဒရစ်မြို့အနီး နေထိုင်သူတွေနဲ့ အနီးအနားရှိ အေဗီလာပြည်နယ်မှာ တောမီး အန္တရာယ်ကြောင့် စပိန်အစိုးရက ဇူလိုင် ၂၃ ရက်မှာ နိုင်ငံတဝှမ်း အရေးပေါ် အခြေအနေ ကြေညာလိုက်ပါတ...

မက်ဒရစ်မြို့အနီး နေထိုင်သူတွေနဲ့ အနီးအနားရှိ အေဗီလာပြည်နယ်မှာ တောမီး အန္တရာယ်ကြောင့် စပိန်အစိုးရက ဇူလိုင် ၂၃ ရက်မှာ နိုင်ငံတဝှမ်း အရေးပေါ် အခြေအနေ ကြေညာလိုက်ပါတယ်။တောမီးတွေကို ငြှိမ်းသတ်နိုင်ရေး မီးသတ်သမားတွေ ခက်ခက်ခဲခဲ ကြိုးပမ်းနေချိန်မှာ လူပေါင်း ၁၀,၀၀၀ ကျော် ဘေးကင်းရာ ပြောင်းရွှေ့ခဲ့ရပါတယ်။ရာသီဥတု အခြေအနေ ဆိုးရွားနေချိန် တောမီးတွေ ဆက်တိုက်ဆိုသလို နေရာအများမှာ လောင်ကျွမ်းမှု၊ အစိုးရဌာနများစွာက အများကြီး လိုအပ်နေတဲ့ အရင်း အမြစ်တွေကို စုစည်းဖို့ လိုအပ်ချက်နဲ့ မီးသတ်ရာမှာ အခက်အခဲများစွာ ရှိနေမှု၊ အရပ်သားတွေကို ကာကွယ်ပေးရာမှာ ရှုပ်ထွေးမှုတွေ ရှိနေတာကြောင့် အခုလို ဆုံး ဖြတ်ခဲ့ရတာ ဖြစ်တယ်လို့ ပြည်ထဲရေးဝန်ကြီးဌာနက ပြောပါတယ်။စပိန်နဲ့ ဥရောပတောင်ပိုင်း ဒေသ အများစုဟာ ပြင်းထန်တဲ့ တောမီးရာသီနဲ့ ရင်ဆိုင်နေရပြီး သိပ္ပံပညာရှင်တွေ က ရာသီဥတု ပြောင်းလဲမှုနဲ့ တောမီးလောင်ကျွမ်းမှု ဆက်နွယ်နေတယ်လို့ ပြောထားပါတယ်။နွေဦးရာသီ မိုးရွာသွန်းမှုအပြီး ပေါက်ရောက်လာခဲ့တဲ့ အပင်ငယ်လေးတွေဟာ နွေရာသီ ပူပြင်းလွန်းတဲ့ အပူချိန်ကြောင့် ခြောက်သွေ့သွားပြီး မီး ပျံ့နှံ့ဖို့ လောင်စာသဖွယ် ဖြစ်လာခဲ့တယ်လို့ ပညာရှင်တွေက ပြောပါတယ်။မက်ဒရစ် ဒေသဆိုင်ရာ အစိုးရက အကူအညီ တောင်းခံထားပြီး လက်ရှိ ရင်ဆိုင်နေရတဲ့ အခြေအနေဟာ အပြင်းထန်ဆုံး အခြေအနေတွေထဲက တစ်ခု ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။မက်ဒရစ်မြို့အနီး ဗီလာ ဒယ်လ် ပရာဒို၊ ဆန် မာတင် ဒီ ဗယ်ဒိုင်ဂလက်စီးယက်စ်နဲ့ အယ်လ်မိုရက်စ် ဒေသတွေမှာ တောမီးတွေ ပြင်းပြင်းထန်ထန် လောင်ကျွမ်းနေပါတယ်။အနီးအနားရှိ ကတ်စ်တိုင်လာ မန်ချာဒေသမှာလည်း တောမီးတွေ လောင်ကျွမ်းနေပြီး လက်ရှိ ငြှိမ်းသတ်နိုင်တဲ့ အတိုင်းအတာထက် ကျော်လွန်နိုင်တဲ့ အခြေအနေမှာ ရှိနေကြောင်း ဒေသဆိုင်ရာ အရာရှိတွေက ပြောပါတယ်။

ဘာဂိုဟွန်ဒို ဒေသနဲ့ အေဗီလာ ဒေသမှာ လောင်ကျွမ်းနေတဲ့ တောမီးတွေဟာ ရာသီဥတု အခြေအနေကြောင့် မက်ဒရစ်မြို့အထိ ရောက်ရှိလာနိုင်ကြောင်းလည်း ဒေသဆိုင်ရာ အရာရှိတွေက သတိပေးထားပါတယ်။

စပိန် အမျိုးသား အရပ်ဖက် ကာကွယ်ရေးစနစ် ဥပဒေအရ တုံ့ပြန်ဖို့ အားလုံး ပူးပေါင်းဆောင်ရွက်ဖို့အတွက် တာဝန်ရှိတဲ့ ပြည်ထဲရေးဝန်ကြီးဌာနရဲ့ တိုက်ရိုက် အခွင့်အာဏာအရ အရေးပေါ် အခြေအနေ ကြေညာတာ ဖြစ်ပါတယ်။အရေးပေါ် အခြေအနေ တုံ့ပြန်ရေး ဝန်ထမ်း ၂၇၀ ဦးနဲ့ မြေပြင် တပ်ဖွဲ့ ၄၀ ကို တောမီး လောင်ကျွမ်းရာဒေသတွေဆီ စေလွှတ်ထားပါတယ်။

အခု အရေးပေါ် ကြေညာချက်ဟာ တောမီးတွေနဲ့ ဆက်စပ်လို့ ပထမဆုံးအကြိမ် ကြေညာတဲ့ အရေးပေါ် ကြေညာချက် ဖြစ်တယ်လို့ အရာရှိတွေက ပြောပါတယ်။စပိန်မှာ အခုနှစ်အတွင်း တောမီးကြောင့် ဟက်တာ ၁ သိန်းကျော် လောင်ကျွမ်း ပျက်စီးသွားပြီ ဖြစ်ကြောင်း သိရပါတယ်။

ဒီအတောအတွင်း ပြင်သစ်နိုင်ငံမှာလည်း တောမီးကြောင့် ကပ်ဖာရက် ကျွန်းစွယ်မှာ နေထိုင်သူများ အားလုံး ဘေးကင်းရာရွှေ့ပြောင်းကြဖို့ ညွှန်ကြားထား ပါတယ်။


news-view-count-icon

30