အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်း အာသံပြည်နယ်တွင် မိုးသည်းထန်စွာ ရွာသွန်း၍ ရေကြီးမှုများ ဖြစ်ပွားခဲ့ရာ လူ ၄၁ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း ပြည်နယ်ဝန်ကြီးချုပ် ဟိုင်မာတာ ဘစ္စဝါ ဆာမားက ဇူလိုင် ၂၃ ရက်တွင် အတည်ပြု ထုတ်ပြန်သည်။ ယခုနှစ်အတွင်း အာသံ၌ မိုးရွာသွန်းမှုမှာ ပျမ်းမျှ မိုးရေချိန်ထက် ၄ ဆခွဲခန့် ပိုမိုများပြားခဲ့သဖြင့် မကြုံစဖူး ရေလွှမ်းမိုးမှုများ ကြုံတွေ့နေရခြင်း ဖြစ်သည်။ လက်ရှိတွင် အိန္ဒိယ လေတပ်အပါအဝင် အဖွဲ့အစည်း အသီးသီးက ကယ်ဆယ်ရေး စခန်း ၁၅၀ ခန့် ဖွင့်လှစ်၍ လူပေါင်း ၃ သောင်းခန့်ကို ယာယီနေရာချထားပေးလျက်ရှိကြောင်း သိရသည်။
| 17 | 0 | 0 | 0 |


