ကချင်ပြည်နယ်၊ မြစ်ကြီးနား-မိုးညှင်း ရထားလမ်းပိုင်း နန်းခွင်နှင့် ဟိုပင်ဘူတာအကြားတွင် ရထားသံလမ်းထိန်း ကလစ်များ ဖြုတ်ယူခံရသဖြင့် ဇူလိုင် ၂၂ ရက်က လုံခြုံရေးကင်းလှည့်ရထား စက်ခေါင်းနှင့် တွဲနှစ်တွဲ လမ်းချော်ကျမှု ဖြစ်ပွားခဲ့ပြီး ရထားလမ်းပိုင်းကို ယာယီပိတ်ခဲ့ရသည်။ အဆိုပါ ဖြစ်စဉ်ကြောင့် မြန်မာ့မီးရထားမှ တာဝန်ရှိသူများက စက်ခေါင်းနှင့်တွဲများကို မတင်ခြင်း၊ လမ်းပိုင်းပြုပြင်ခြင်းများ အမြန်ဆုံး ဆောင်ရွက်ခဲ့ရာ ဇူလိုင် ၂၃ ရက် ညနေပိုင်းတွင် ပြန်လည်ဖွင့်လှစ်နိုင်ခဲ့ကြောင်း သိရသည်။ လက်ရှိတွင် သံလမ်းထိန်းကလစ်များ ပျောက်ဆုံးမှုနှင့် ပတ်သက်၍ ပြစ်မှုကျူးလွန်သူများကို ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး သက်ဆိုင်ရာ ရဲစခန်း၌ အမှုဖွင့်လှစ် ဆောင်ရွက်လျက်ရှိသည်။
Jul 24 • 1:44 PM
မြန်မာ
ကချင်
မျှဝေမည်
| 22 | 0 | 0 | 0 |


