ကယား(ကရင်နီ)ပြည်နယ်၊ ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းတွင် စက်သုံးဆီ ရောင်းချသူများထံမှ ဝယ်ယူရန် ခက်ခဲလာခြင်းနှင့် စက်သုံးဆီဈေးနှုန်းများ မြင့်တက်လာခြင်းကြောင့် ဆန်စက်များတွင် စပါးကြိတ်ခနှုန်းများပါ အလိုအလျောက် မြင့်တက်လာကြောင်း ဒေသခံများထံမှ သိရသည်။ဇူလိုင်လ ဒုတိယပတ်မှစတင်၍ ဒီးမော့ဆို အနောက်ဘက်ခြမ်းတွင် ဓာတ်ဆီတစ်လီတာလျှင် ကျပ် ၈,၀၀၀ မှ ၉,၀၀၀ အထိနှင့် ဒီဇယ်တစ်လီတာလျှင် ကျပ် ၈,၅၀၀ မှ ၉,၀၀၀ အထိ ဈေးနှုန်းများ မြင့်တက်ခဲ့သည်။ ထိုသို့ စက်သုံးဆီဈေး ယခင်ထက် ကျပ် ၃,၀၀၀ ဝန်းကျင် မြင့်တက်လာမှုကြောင့် ဆန်စက်များတွင် ဆန်တစ်အိတ်လျှင် စပါးကြိတ်ခ ကျပ် ၄,၀၀၀ မှ ၈,၀၀၀ အထိ (နေရာဒေသအပေါ် မူတည်၍) မြင့်တက်သွားခဲ့သည်။ယခုကဲ့သို့ စပါးကြိတ်ခနှင့် သယ်ယူပို့ဆောင်ရေး စရိတ်များ မြင့်တက်လာမှုကြောင့် ငွေကြေး အခက်အခဲရှိသည့် ဒေသခံများအတွက် ကုန်ကျစရိတ် ပိုမို များပြားကာ အခက်အခဲများနှင့် ကြုံတွေ့နေကြရကြောင်း သိရသည်။
Jul 24 • 3:41 AM
မြန်မာ
ကယား
မျှဝေမည်
| 15 | 0 | 0 | 0 |


