back

မန္တလေး-ပုဂံ အပျော်စီးသင်္ဘော ခရီးစဉ် စီးနင်းသူ မရှိသဖြင့် ပြေးဆွဲမှုများ ရပ်နားထားရဆဲဖြစ်

Jul 24 • 3:40 AM

breaking-news

မြန်မာ

မန္တလေး

cover

မန္တလေး-ပုဂံ အပျော်စီးသင်္ဘော ခရီးစဉ် စီးနင်းသူ မရှိသဖြင့် ပြေးဆွဲမှုများ ရပ်နားထားရဆဲဖြစ်

ဧရာဝတီမြစ်အတွင်း ပြေးဆွဲသည့် မန္တလေး-ပုဂံ အပျော်စီးသင်္ဘောများမှာ စီးနင်းလိုသူ မရှိသည့်အတွက် ခရီးစဉ် ပြေးဆွဲမှုများ စက်တင်ဘာ/အောက်တိုဘာလအထိ ရပ်နားထားရဆဲ ဖြစ်ကြေ...

ဧရာဝတီမြစ်အတွင်း ပြေးဆွဲသည့် မန္တလေး-ပုဂံ အပျော်စီးသင်္ဘောများမှာ စီးနင်းလိုသူ မရှိသည့်အတွက် ခရီးစဉ် ပြေးဆွဲမှုများ စက်တင်ဘာ/အောက်တိုဘာလအထိ ရပ်နားထားရဆဲ ဖြစ်ကြောင်း သိရသည်။နိုင်ငံခြားသား ခရီးသွား ဝင်ရောက်မှု နည်းပါးခြင်းနှင့် မြစ်ကြောင်းတစ်လျှောက် လုံခြုံရေးပိုင်းဆိုင်ရာ အားနည်းချက်များကြောင့် အပျော်စီးသင်္ဘော ခရီးစဉ်များကို စီးနင်းလိုသူ မရှိတော့ခြင်း ဖြစ်သည်။ ထို့အပြင် မန္တလေး-ရှိမ္မကားတောကျောင်းကြီး ခရီးစဉ်နှင့် မန္တလေး-ကျောက်မြောင်း ဧရာဝတီလင်းပိုင်ကြည့် ခရီးစဉ်များမှာလည်း ၂၀၂၁ ခုနှစ် နောက်ပိုင်း နယ်မြေ အခြေအနေများကြောင့် ပြေးဆွဲမှုများ မရှိတော့ပေ။ယခင်က ပြည်တွင်းရေကြောင်း ဦးစီးဌာန၌ တရားဝင် မှတ်ပုံတင်ထားသည့် အပျော်စီးသင်္ဘော စီးရေ ၂၅၀ ဝန်းကျင် ရှိခဲ့သော်လည်း လုပ်ငန်းများ ရပ်ဆိုင်းခဲ့ရသဖြင့် သင်္ဘောအချို့ ပျက်စီးနစ်မြုပ်မှုများ ရှိခဲ့ကာ လက်ရှိတွင် သက်တမ်းတိုး လုပ်ဆောင်ထားသည့် သင်္ဘော အစီး ၂၀ ဝန်းကျင်သာ ကျန်ရှိတော့ကြောင်း သိရသည်။

news-view-count-icon

15