မြန်မာပြည်တွင်းရှိ လက်ဖက်ရည်ဆိုင်များတွင် လက်ဖက်ရည်တစ်ခွက်လျှင် ကျပ် ၃,၀၀၀ နီးပါးအထိ ဈေးနှုန်းများ မြင့်တက်လာသဖြင့် အခြေခံ လက်လုပ်လက်စား ပြည်သူများ သောက်သုံးနိုင်ခြင်း မရှိတော့ကြောင်း သိရသည်။လက်ရှိ ရန်ကုန်မြို့ရှိ နာမည်ရ လက်ဖက်ရည်ဆိုင်များတွင် ဆိုင်သောက် လက်ဖက်ရည်တစ်ခွက်လျှင် ငွေကျပ် ၂,၅၀၀ မှ ၃,၀၀၀ ဝန်းကျင်အထိ ပေါက်ဈေးရှိနေပြီး အဆိုပါ ဈေးနှုန်းမှာ အခြေခံပြည်သူများ အဓိက မှီခိုရသည့် ငစိန်ဆန်တစ်ပြည် ဈေးနှုန်းနှင့် နီးပါးတူညီနေသဖြင့် လုပ်ခလစာ နည်းပါးသူများ သောက်သုံးရန် တွန့်ဆုတ်နေကြရသည်။၂၀၁၀ ပြည့်နှစ်လွန် ကာလများက လက်ဖက်ရည်တစ်ခွက်လျှင် ကျပ် ၁၅၀ မှ ၃၀၀ ဝန်းကျင်သာ ရှိခဲ့ပြီး ၂၀၂၁ ခုနှစ်အထိ ကျပ် ၁,၀၀၀ အောက်တွင်သာ ရှိခဲ့သော်လည်း နောက်ပိုင်း အထွေထွေ ကုန်ဈေးနှုန်းများ အဆမတန် မြင့်တက်လာမှုကြောင့် ယခုကဲ့သို့ ကျပ် ၃,၀၀၀ နီးပါးအထိ ရောက်ရှိလာခြင်း ဖြစ်သည်။
Jul 24 • 1:58 AM
မြန်မာ
ပြည်တွင်း
မျှဝေမည်
| 33 | 0 | 0 | 0 |


