menu-icon
logo-icon

Global Reporter

home-icon

ပင်မ

breaking_news-icon

သတင်းထူးများ

hot-icon

လူကြိုက်များ

language-icon

language-icon
language-icon
‌
‌
‌
‌
‌
‌

Follow လုပ်ရန်

Application ဒေါင်းလုပ် လုပ်ရန်

playstore-iconappstore-icondownload-app-icon

Follow လုပ်ရန်

Application ဒေါင်းလုပ် လုပ်ရန်

playstore-iconappstore-icondownload-app-icon
Copyright 2026 Global Report. All rights reserved
navbar-bgnavbar-bg-dark
back

တောင်ကိုရီးယား၊ဂျင်အဲ လေကြောင်းလိုင်းက အင်းချွန်း-ခိုဘဲ တိုက်ရိုက်လေကြောင်းလိုင်းသစ်ကို ဩဂုတ် ၇ ရက်မှစတင်၍ နေ့စဉ်ပြေးဆွဲမည်ဖြစ်

Jul 22 • 6:46 AM

breaking-news

တောင်ကိုရီးယား

ပြည်တွင်းသတင်း

မျှဝေမည်

share-news
cover

တောင်ကိုရီးယား၊ဂျင်အဲ လေကြောင်းလိုင်းက အင်းချွန်း-ခိုဘဲ တိုက်ရိုက်လေကြောင်းလိုင်းသစ်ကို ဩဂုတ် ၇ ရက်မှစတင်၍ နေ့စဉ်ပြေးဆွဲမည်ဖြစ်

တောင်ကိုရီးယားနိုင်ငံ၏ တန်ဖိုးနည်းလေကြောင်းလိုင်းတစ်ခုဖြစ်သည့် Jin Air (ဂျင်အဲ) သည် လာမည့် ဩဂုတ်လ ၇ ရက်နေ့မှစတင်ကာ အင်းချွန်း (Incheon) နှင့် ဂျပန်နိုင်ငံ ခိုဘဲ...

cover-photo

တောင်ကိုရီးယားနိုင်ငံ၏ တန်ဖိုးနည်းလေကြောင်းလိုင်းတစ်ခုဖြစ်သည့် Jin Air (ဂျင်အဲ) သည် လာမည့် ဩဂုတ်လ ၇ ရက်နေ့မှစတင်ကာ အင်းချွန်း (Incheon) နှင့် ဂျပန်နိုင်ငံ ခိုဘဲမြို့ (Kobe) အကြား တိုက်ရိုက်လေကြောင်းလိုင်းသစ်ကို နေ့စဉ် ပြေးဆွဲသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။ အဆိုပါ လေကြောင်းလိုင်းသစ်တွင် နေရာထိုင်ခုံ ၁၈၉ ခုပါဝင်သော လေယာဉ်ဖြင့် ပြေးဆွဲမည်ဖြစ်ပြီး အင်းချွန်းအပြည်ပြည်ဆိုင်ရာလေဆိပ်မှ မွန်းလွဲ ၁ နာရီခွဲတွင် စတင်ထွက်ခွာကာ ခိုဘဲသို့ မွန်းလွဲ ၃ နာရီခွဲ၌ ရောက်ရှိမည်ဖြစ်သဖြင့် ခရီးစဉ်ကြာချိန်မှာ ၂ နာရီခန့် ကြာမြင့်မည်ဖြစ်သည်။ ယခင်က ကိုရီးယားခရီးသွားများသည် အိုဆာကာမြို့အနီးရှိ ကန်ဆိုင်းအပြည်ပြည်ဆိုင်ရာလေဆိပ်မှတစ်ဆင့် ဘတ်စ်ကား သို့မဟုတ် ရထားဖြင့် ၁ နာရီကျော် ထပ်မံခရီးဆက်ခဲ့ရသော်လည်း ယခုတိုက်ရိုက်လိုင်းသစ်ကြောင့် ခရီးသွားလာမှု ပိုမိုလွယ်ကူ အဆင်ပြေလာတော့မည်ဖြစ်သည်။ဂျပန်နိုင်ငံ၊ ဟယောဂိုခရိုင်၏ မြို့တော်ဖြစ်သည့် ခိုဘဲမြို့သည် သမိုင်းဝင် Kitano Ijinkan ရပ်ကွက်၊ Meriken Park၊ အာရိမ ရေပူစမ်း (Arima Onsen) တို့အပြင် ကမ္ဘာကျော် ခိုဘဲအမဲသား (Kobe beef) နှင့် ကဖေးဆိုင်များကြောင့် ထင်ရှားသည့် ခရီးစဉ်ဒေသတစ်ခုဖြစ်သည်။ လေကြောင်းလိုင်းသစ် စတင်ပြေးဆွဲမှုကို အထိမ်းအမှတ်ပြုသည့်အနေဖြင့် ဩဂုတ်လ ၂ ရက်နေ့မတိုင်မီ လက်မှတ်ဝယ်ယူသူများအတွက် ၁၅ ရာခိုင်နှုန်း လျှော့စျေးနှင့် အခမဲ့ အိတ်အလေးချိန် ၁၅ ကီလိုဂရမ်သယ်ဆောင်ခွင့် အခွင့်အရေးများ ပေးအပ်သွားမည်ဖြစ်သည်။ ဤလမ်းကြောင်းသစ်ကြောင့် ခရီးသွားများအနေဖြင့် ခိုဘဲမြို့အပြင် အနီးနားရှိ အိုဆာကာ၊ ကျိုတိုမြို့များသို့ပါ ပေါင်းစပ်ခရီးစဉ်အဖြစ် လွယ်ကူစွာ သွားရောက်နိုင်တော့မည်ဖြစ်ကြောင်း Jin Air ၏ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

news-view-count-icon

19

like-icon

0

comment-icon

0

share-news-icon

0

left-arrow-icon
cover-photo

ကယားပြည်နယ်၊ဒီးမော့ဆိုမြို့နယ်အနောက်ဘက်ခြမ်း၌ ဓာတ်ဆီဈေးနှုန်း တစ်ပတ်ကျော်ကြာသည်အထိ ပြန်မကျသေးဘဲ ဒေသခံများ အခက်တွေ့လျက်ရှိ

တောင်ကိုရီးယားက ပြည်တွင်း ဘောလုံးပွဲစဉ် ခရီးစဉ်များကို ဒေသတွင်း ခရီးသွားလုပ်ငန်း တွန်းအားအဖြစ် ပြောင်းလဲဖန်တီး

cover-photo
right-arrow-icon