back

ရှမ်းပြည်နယ်တောင်ပိုင်း၌ 125 ဂီယာဘီးများကို ပစ်မှတ်ထားသည့် နယ်ကျော်ဆိုင်ကယ်သူခိုးအုပ်စုများ သောင်းကျန်းလျက်ရှိ

Jul 22 • 4:31 AM

breaking-news

မြန်မာ

ရှမ်း

cover

ရှမ်းပြည်နယ်တောင်ပိုင်း၌ 125 ဂီယာဘီးများကို ပစ်မှတ်ထားသည့် နယ်ကျော်ဆိုင်ကယ်သူခိုးအုပ်စုများ သောင်းကျန်းလျက်ရှိ

ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီး၊ ရွှေညောင်၊ ကလော၊ အောင်ပန်း၊ ဟဲဟိုး၊ ပင်လောင်း၊ ပင်းတယနှင့် ရွာငံတို့တွင် အောက်ပြည်ဘက် (မိတ္ထီလာဘက်) မှ နယ်ကျော်လာသည့် ဒုစရိုက...

ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီး၊ ရွှေညောင်၊ ကလော၊ အောင်ပန်း၊ ဟဲဟိုး၊ ပင်လောင်း၊ ပင်းတယနှင့် ရွာငံတို့တွင် အောက်ပြည်ဘက် (မိတ္ထီလာဘက်) မှ နယ်ကျော်လာသည့် ဒုစရိုက်အုပ်စုများက 125 ဂီယာဘီးနှင့် တရုတ်ဘီးများကို အဓိက ပစ်မှတ်ထားကာ အဖွဲ့လိုက် စနစ်တကျ ခိုးယူမှုများပြားလာကြောင်း ဒေသခံများထံမှ သိရသည်။ ဇူလိုင်လ ၂၀ ရက် မွန်းလွဲပိုင်းကလည်း အောင်ပန်းမြို့ TBF ရုံးရှေ့တွင် ရပ်နားထားသည့် ဆိုင်ကယ်တစ်စီးကို နေ့ခင်းကြောင်တောင် ခိုးယူသွားသည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ပြီး CCTV မှတ်တမ်းများနှင့်အတူ သက်ဆိုင်ရာသို့ တိုင်ကြားထားသည်။အဆိုပါ နယ်ကျော်သူခိုးအုပ်စုများတွင် လူလတ်ပိုင်းများ ပိုမိုပါဝင်ပြီး ဈေးကောင်းရကာ ပြန်လည်ရောင်းချရလွယ်ကူသည့် 125 ဂီယာဘီးများကို စက္ကန့်ပိုင်းအတွင်း သော့ဖျက်ယူဆောင်နိုင်သည့် နည်းလမ်းများဖြင့် ခိုးယူနေကြသည်မှာ ၂ လကျော်ကြာ ရှိနေပြီဖြစ်ကြောင်း သိရသည်။ ထို့ကြောင့် အောင်ပန်း၊ ကလောနှင့် တောင်ကြီးမြို့တို့တွင် လူစိမ်းများ ပိုမိုများပြားလာသဖြင့် ဒေသခံများအနေဖြင့် မိမိတို့ဆိုင်ကယ်များကို အပိုဆောင်း ဘီးသော့များ ခတ်ထားရန်နှင့် မသင်္ကာဖွယ်ရာများကို သတိပြုကြရန် အချင်းချင်း သတိပေးလျက်ရှိကြသည်။

news-view-count-icon

21