back

ရန်ကုန်တိုင်း၌ မိုးတွင်းကာလ အသွားအလာ ခက်ခဲသဖြင့် မြို့တွင်းဆိုင်အချို့ ဆိုင်ပိတ်ချိန်ကို စောသတ်မှတ်လာ

Jul 22 • 3:44 AM

breaking-news

မြန်မာ

ရန်ကုန်

cover

ရန်ကုန်တိုင်း၌ မိုးတွင်းကာလ အသွားအလာ ခက်ခဲသဖြင့် မြို့တွင်းဆိုင်အချို့ ဆိုင်ပိတ်ချိန်ကို စောသတ်မှတ်လာ

ရန်ကုန်မြို့တွင်း၌ မိုးသည်းထန်စွာ ရွာသွန်းမှုများနှင့်အတူ ညဉ့်နက်ပိုင်း သွားလာရေး ခက်ခဲလာသဖြင့် မြို့တွင်းရှိ ဖက်ရှင်စတိုးဆိုင်များ၊ လူသုံးကုန်ဆိုင်များနှင့် ပု...

ရန်ကုန်မြို့တွင်း၌ မိုးသည်းထန်စွာ ရွာသွန်းမှုများနှင့်အတူ ညဉ့်နက်ပိုင်း သွားလာရေး ခက်ခဲလာသဖြင့် မြို့တွင်းရှိ ဖက်ရှင်စတိုးဆိုင်များ၊ လူသုံးကုန်ဆိုင်များနှင့် ပုဂ္ဂလိက ကုမ္ပဏီရုံးအချို့က ဆိုင်ပိတ်ချိန်များကို ည ၈ နာရီမှ ည ၆ နာရီခွဲ/၇ နာရီသို့ ရှေ့တိုး သတ်မှတ်လာကြကြောင်း သိရသည်။ ရန်ကုန်မြို့၌ မိုးရွာသွန်းမှုများပြီး လမ်းများ ရေကြီးရေလျှံခြင်း၊ ယာဉ်ကြောပိတ်ဆို့ခြင်းတို့ကြောင့် YBS ဘတ်စ်ကားများ ပြေးဆွဲမှု ပုံမှန်မရှိတော့ဘဲ နာရီပေါင်းများစွာ စောင့်ဆိုင်းရသည့် အခက်အခဲများ ဖြစ်ပေါ်နေသဖြင့် ဝန်ထမ်းများ၏ ဘေးကင်းလုံခြုံရေးနှင့် အိမ်ပြန် မနောက်ကျစေရန်အတွက် အချိန်ပြောင်းလဲလိုက်ခြင်း ဖြစ်သည်။အထူးသဖြင့် မြောက်ဥက္ကလာပ၊ အင်းစိန်၊ ရွှေပြည်သာနှင့် လှိုင်သာယာ စသည့် ဆင်ခြေဖုံးမြို့နယ်များမှ မြို့လယ်သို့ လာရောက် လုပ်ကိုင်ကြသည့် အရောင်းဝန်ထမ်းများမှာ ညဘက် YBS ကား ကျဲသွားခြင်းနှင့် အငှားယာဉ် (တက္ကစီ) ခများ အဆမတန် မြင့်တက်ခြင်းတို့ကြောင့် အခက်တွေ့နေကြရသည်။ လက်ရှိတွင် ဆိုင်ပိတ်ချိန်များ ရှေ့တိုးပေးလိုက်သဖြင့် ဝန်ထမ်းများ၏ အိမ်ပြန် သွားလာရေးမှာ ယခင်ထက် ပိုမိုအဆင်ပြေ လွယ်ကူလာကြောင်း သိရသည်။

news-view-count-icon

30