ဂျပန်နိုင်ငံတွင် ဆရာဝန်လိုင်စင်မရှိဘဲ အလှအပခွဲစိတ်မှုများ ပြုလုပ်ခဲ့သည်ဟူသော သံသယဖြင့် ထိန်းသိမ်းစစ်ဆေးခံခဲ့ရသည့် မြန်မာနိုင်ငံသား ဆရာဝန် ဒေါက်တာကြည်ချမ်းကို (Dr. Kyi Chan Ko) နှင့် မြန်မာနိုင်ငံသားတစ်ဦးတို့အား ဂျပန်ရဲတပ်ဖွဲ့က ပြစ်မှုမမြောက်၊ ပြစ်မှုမရှိသဖြင့် ပြန်လည်လွှတ်ပေးခဲ့ကြောင်း နီးစပ်သူများထံမှ သိရသည်။ ဒေါက်တာကြည်ချမ်းကိုသည် မန္တလေးဆေးတက္ကသိုလ် ကျောင်းဆင်းတစ်ဦးဖြစ်ပြီး တိုကျိုမြို့ Juntendo University မှ ပါရဂူဘွဲ့ရရှိထားသူဖြစ်ကာ ဂျပန်နိုင်ငံတွင် ဆေးကုသခွင့်လိုင်စင်နှင့် ဆေးခန်းပါ တရားဝင် ဖွင့်လှစ်ထားသူ ဖြစ်သည်။အဆိုပါဖြစ်စဉ်မှာ မျက်ရစ်ဖော် ခွဲစိတ်မှုပြုလုပ်ခဲ့သူ လူနာအချို့၏ စွပ်စွဲတိုင်ကြားမှုကြောင့် မတ်လ ၃ ရက်တွင် ဂျပန်ရဲဌာနမှ ခေါ်ယူစစ်ဆေးခဲ့ခြင်းဖြစ်သော်လည်း ဆရာဝန်အဖွဲ့ဖြင့် စစ်ဆေးရာတွင် စွပ်စွဲထားသည့် ရောဂါလက္ခဏာများနှင့် ပြစ်မှုများ မတွေ့ရှိရသဖြင့် ရက်အနည်းငယ်အကြာတွင် ပြန်လည်လွှတ်ပေးခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့် တိုင်ကြားသူများကို လျော်ကြေးငွေ ပေးဆောင်ခဲ့ရခြင်းလည်း မရှိဘဲ လက်ရှိတွင် ဒေါက်တာကြည်ချမ်းကိုသည် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိနေကာ ဇူလိုင်လကုန်ပိုင်းတွင် ဂျပန်နိုင်ငံသို့ ပြန်လည်ထွက်ခွာမည်ဖြစ်ကြောင်း ၎င်း၏ လူမှုကွန်ရက်စာမျက်နှာ၌ ဖော်ပြထားသည်။
ဂျပန်၌ ဆရာဝန်လိုင်စင်မရှိဘဲ ခွဲစိတ်မှုများ ပြုလုပ်သည်ဟု သံသယဖြင့် ထိန်းသိမ်းခံရသော ဒေါက်တာကြည်ချမ်းကိုအား ပြစ်မှုမရှိသဖြင့် ဂျပန်ရဲတပ်ဖွဲ့ ပြန်လွှတ်ပေး
Jul 22 • 3:43 AM
ဂျပန်
ပြည်တွင်းသတင်း
မျှဝေမည်
| 20 | 0 | 0 | 0 |


