ကယန်းဒေသအတွင်းသို့ ဓာတ်ဆီတင်သွင်းမှု လျော့နည်းလာပြီး ဆီပြတ်လပ်မှုများ ဖြစ်ပေါ်နေသဖြင့် ဓာတ်ဆီတစ်လီတာလျှင် ကျပ် ၉,၀၀၀ မှ ၁,၀၀၀,၀ အထိ ဈေးနှုန်းများ ဆက်လက်မြင့်တက်လျက်ရှိကြောင်း ဒေသခံများထံမှ သိရသည်။ ယင်းသို့ ဓာတ်ဆီဈေးနှုန်း အရှိန်အဟုန်ဖြင့် မြင့်တက်လာမှုကြောင့် ဒေသခံများ၏ နေ့စဉ်သွားလာရေး၊ ကုန်စည်သယ်ယူပို့ဆောင်ရေးနှင့် ကျန်းမာရေးဆိုင်ရာ အရေးပေါ်သွားလာမှုများတွင် သွားလာရေးစရိတ်များ မြင့်တက်ကာ စားဝတ်နေရေးအပေါ် ဖိအားဖြစ်ပေါ်နေသည်။ဆီရောင်းချသည့် ဆိုင်များ၌လည်း ဈေးနှုန်းများ ဆက်တိုက်မြင့်တက်နေသဖြင့် ဒေသခံများ၏ အသက်မွေးဝမ်းကျောင်း လုပ်ငန်းများကိုပါ ထိခိုက်လျက်ရှိသည်။ သို့ဖြစ်ပါ၍ ဓာတ်ဆီပြတ်လပ်မှုနှင့် ဈေးနှုန်းမြင့်တက်မှုကို လျှော့ချနိုင်ရန်အတွက် ဓာတ်ဆီတင်သွင်းမှု ပုံမှန်ပြန်လည်ရရှိရေးနှင့် ဈေးကွက်အတွင်း ဈေးနှုန်း စိစစ်ကြပ်မတ်ပေးရန် သက်ဆိုင်ရာ တာဝန်ရှိသူများသို့ ဒေသခံများက ပြောဆိုတောင်းဆိုနေကြသည်။
ကယန်းဒေသ၌ ဓာတ်ဆီပြတ်လပ်မှုကြောင့် ဆီဈေးနှုန်း ဆက်လက်မြင့်တက်ပြီး ဒေသခံများ သွားလာရေး အခက်အခဲနှင့် ရင်ဆိုင်နေရ
Jul 22 • 3:18 AM
မြန်မာ
ကယား
မျှဝေမည်
| 14 | 0 | 0 | 0 |


