ထိုင်းနိုင်ငံ လေကြောင်းပို့ဆောင်ရေး အာဏာပိုင်အဖွဲ့ (CAAT) သည် X-ray စစ်ဆေးစဉ် အန္တရာယ်ရှိသော ပစ္စည်းများ ပါဝင်နေသည်ဟု သံသယရှိပါက လုံခြုံရေးဝန်ထမ်းများအနေဖြင့် ခရီးသည်မရှိဘဲ အပ်နှံထားသည့် အိတ်များကို ဖွင့်လှစ်စစ်ဆေးခွင့်ပြုမည့် စည်းမျဉ်းအသစ်ကို ထုတ်ပြန်ခဲ့သည်။ အဆိုပါ စည်းမျဉ်းသည် လာမည့် အောက်တိုဘာ ၁၆ ရက်မှစ၍ သက်ရောက်မည်ဖြစ်ပြီး နိုင်ငံတကာ စံနှုန်းများနှင့်အညီ လေဆိပ်လုံခြုံရေး ပိုမိုတိုးမြှင့်ရန် ရည်ရွယ်ခြင်းဖြစ်သည်။စစ်ဆေးမှု ဖြစ်စဉ်တစ်ခုလုံးကို ဗီဒီယိုရိုက်ကူး မှတ်တမ်းတင်ထားမည်ဖြစ်ပြီး စစ်ဆေးပြီးပါက အိတ်အတွင်း စစ်ဆေးခဲ့ကြောင်း အကြောင်းကြားစာ (Notice of Baggage Inspection) ထည့်သွင်းပေးမည် ဖြစ်သည်။ တားမြစ်ပစ္စည်းများ တွေ့ရှိပါက ဝန်ထမ်းများက သိမ်းဆည်းမည်ဖြစ်ပြီး ပြန်လည်ထုတ်ပေးမည် မဟုတ်ပေ။ ထို့ပြင် လေကြောင်းအာဏာပိုင်အဖွဲ့မှ Power Bank များကို လက်ဆွဲအိတ်အတွင်းသာ သယ်ဆောင်ခွင့်ပြုပြီး အပ်နှံအိတ်များထဲ ထည့်သွင်းခွင့်နှင့် လေယာဉ်ပေါ်၌ အားသွင်းခွင့်တို့ကို တားမြစ်ထားသဖြင့် ကြန့်ကြာမှု မရှိစေရန် ခရီးမထွက်မီ ကြိုတင်စစ်ဆေးကြရန် တိုက်တွန်းထားသည်။
ထိုင်းလေဆိပ်များတွင် ခရီးသည်မရှိဘဲ အပ်နှံထားသည့် အိတ်များကို ဖွင့်လှစ်စစ်ဆေးခွင့်ပြုမည့် စည်းမျဉ်းအသစ် ထုတ်ပြန်
Jul 22 • 3:17 AM
ထိုင်း
ပြည်တွင်းသတင်း
မျှဝေမည်
| 18 | 0 | 0 | 0 |


