ရန်ကုန်မြို့ရှိ ဆောက်လုပ်ရေးလုပ်ငန်းသုံး မြစ်ကျောက်စရစ်ဈေးနှုန်းများသည် မန္တလေးနှင့် နေပြည်တော်တို့ထက် သိသိသာသာ မြင့်တက်နေရခြင်းမှာ အဓိကကုန်ကြမ်းထုတ်လုပ်သည့် ပဲခူးတိုင်းဒေသကြီးရှိ ကျောက်ကွင်းများ ပိတ်ထားခြင်းကြောင့် အဝင်နည်းပြီး ဝယ်လိုအားများနေခြင်း ကြောင့်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ပြန်လည်ဖြေကြားချက်အရ သိရသည်။ လက်ရှိ ရန်ကုန်ဈေးကွက်တွင် မြစ်ကျောက်တစ်ကျင်းလျှင် အရောက်ပို့ဈေး ကျပ် ၄၆၀,၀၀၀ ဝန်းကျင်နှင့် တစ်ကျင်းခွဲလျှင် ကျပ် ၆၈၀,၀၀၀ ဝန်းကျင်အထိ ပေါက်ဈေးရှိနေပြီး မန္တလေးနှင့် နေပြည်တော်တို့တွင်မူ တစ်ကျင်းလျှင် ကျပ် ၁၆၀,၀၀၀ ဝန်းကျင်သာ ရှိကြောင်း သိရသည်။
Jul 21 • 12:31 PM
မြန်မာ
ရန်ကုန်
မျှဝေမည်
| 21 | 0 | 0 | 0 |


