back

ကမ္ဘာ့ဖလား ဗိုလ်လုပွဲ အရှုံးဝေဒနာ ကြီးမားလွန်းကြောင်း မက်ဆီ ဝန်ခံပြောကြား

Jul 21 • 12:30 PM

breaking-news

မြန်မာ

ပြည်ပ

cover

ကမ္ဘာ့ဖလား ဗိုလ်လုပွဲ အရှုံးဝေဒနာ ကြီးမားလွန်းကြောင်း မက်ဆီ ဝန်ခံပြောကြား

အာဂျင်တီးနား အသင်းခေါင်းဆောင် မက်ဆီက ကမ္ဘာ့ဖလား ဗိုလ်လုပွဲတွင် စပိန်အသင်းကို အရေးနိမ့်ခဲ့သည့် အရှုံးဝေဒနာမှာ အလွန်ကြီးမားပြီး ယင်းဝေဒနာ သက်သာပျောက်ကင်းရန် အချိန...

အာဂျင်တီးနား အသင်းခေါင်းဆောင် မက်ဆီက ကမ္ဘာ့ဖလား ဗိုလ်လုပွဲတွင် စပိန်အသင်းကို အရေးနိမ့်ခဲ့သည့် အရှုံးဝေဒနာမှာ အလွန်ကြီးမားပြီး ယင်းဝေဒနာ သက်သာပျောက်ကင်းရန် အချိန်ယူရမည်ဖြစ်ကြောင်း လူမှုကွန်ရက်မှတစ်ဆင့် ထုတ်ဖော်ပြောကြားခဲ့သည်။ ထို့အပြင် ချန်ပီယံ စပိန်အသင်းအတွက် ဂုဏ်ယူဝမ်းမြောက်ကြောင်း ပြောကြားခဲ့ပြီး မက်ဆီအနေဖြင့် အာဂျင်တီးနားနှင့်အတူ ကမ္ဘာ့ဖလားဗိုလ်လုပွဲ (၃) ကြိမ်မြောက် တက်လှမ်းနိုင်ခဲ့သော်လည်း အချိန်ပိုဂိုးများဖြင့် ဒုတိယအကြိမ်မြောက် အရေးနိမ့်ခဲ့ရခြင်းဖြစ်သည်။ သက်တော် ၃၉ နှစ်ရှိပြီဖြစ်သည့် မက်ဆီသည် ကစားသမားဘဝ အနာဂတ်အတွက် ကြေညာချက် မထုတ်ပြန်သေးသော်လည်း အသက်အရွယ်အရ ၂၀၃၀ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ပါဝင်ကစားနိုင်ခြေ မရှိတော့ကြောင်း သိရသည်။

news-view-count-icon

38