မလေးရှားနိုင်ငံတွင် ကျင်းပမည့် (၃၄) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ (၂၀၂၇ ဆီးဂိမ်း) အတွက် နိုင်ငံကိုယ်စားပြု လက်ရွေးစင် မြင်းစီးအားကစားသမားများ ရွေးချယ်ရန် ရည်ရွယ်၍ FEI 1 Endurance Qualification (40 km) အရည်အချင်းစစ်ပြိုင်ပွဲကို ၂၀၂၆ ခုနှစ် စက်တင်ဘာ ၆ ရက် နံနက် ၆ နာရီတွင် နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်ရှိ နေပြည်တော်မြင်းစီးအားကစားကွင်း၌ ကျင်းပသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ မြင်းစီးအားကစားအဖွဲ့ချုပ်က ထုတ်ပြန်ခဲ့သည်။ ပြိုင်ပွဲဝင်လိုသူများသည် လျှောက်လွှာများကို ဩဂုတ် ၂၄ ရက် နောက်ဆုံးထား ပေးပို့ရမည်ဖြစ်ပြီး ပြိုင်ပွဲဝင် မြင်းများသည် အသက် ၄ နှစ်နှင့်အထက် (Resting Heart Beat ၄၀ အောက်)၊ အားကစားသမားများမှာ အသက် ၁၄ နှစ်နှင့်အထက် ဖြစ်ရမည်ဖြစ်ကာ လူနှင့် မြင်း (ကုန်းနှီးအပါအဝင်) စုစုပေါင်း အလေးချိန် အနည်းဆုံး ၇၀ ကီလိုဂရမ် ရှိရမည်ဖြစ်ကြောင်း သိရသည်။
၂၀၂၇ ဆီးဂိမ်းအတွက် လက်ရွေးစင် မြင်းစီးအားကစားသမားများ ရွေးချယ်နိုင်ရန် နေပြည်တော်၌ အရည်အချင်းစစ်ပြိုင်ပွဲ ကျင်းပမည်
Jul 21 • 9:37 AM
မြန်မာ
နေပြည်တော်
မျှဝေမည်
| 22 | 0 | 0 | 0 |


