back

မန္တလေးရှိ "မီလျံနာ" ရွှေဆိုင် သေနတ်ပစ်ဖောက် ဓားပြတိုက်ခံရ

Jul 21 • 9:35 AM

breaking-news

မြန်မာ

မန္တလေး

cover

မန္တလေးရှိ "မီလျံနာ" ရွှေဆိုင် သေနတ်ပစ်ဖောက် ဓားပြတိုက်ခံရ

မန္တလေးတိုင်း၊ ချမ်းမြသာစည်မြို့နယ်၊ ၁၁၀ လမ်း (၆၂×၆၃ လမ်းကြား) ရှိ "မီလျံနာ" ရွှေဆိုင်သို့ ဇူလိုင် ၂၀ ရက် မွန်းလွဲ ၃ နာရီခွဲခန့်က ဆိုင်ကယ်စီးနင်းလာသည့် အမျိုးသာ...

မန္တလေးတိုင်း၊ ချမ်းမြသာစည်မြို့နယ်၊ ၁၁၀ လမ်း (၆၂×၆၃ လမ်းကြား) ရှိ "မီလျံနာ" ရွှေဆိုင်သို့ ဇူလိုင် ၂၀ ရက် မွန်းလွဲ ၃ နာရီခွဲခန့်က ဆိုင်ကယ်စီးနင်းလာသည့် အမျိုးသား ၅ ဦး ဝင်ရောက်လာပြီး သေနတ်ပစ်ဖောက်ကာ မှန်ကောင်တာများကို ရိုက်ခွဲ၍ ရွှေထည်ပစ္စည်းများ ဓားပြတိုက်ယူဆောင်သွားကြောင်း သိရသည်။ ပြစ်မှုကျူးလွန်သူများသည် ရွှေထည်ပစ္စည်းများ ယူဆောင်ပြီးနောက် ဆိုင်ကယ်များဖြင့် မောင်းနှင်ထွက်ပြေးသွားခဲ့ကြပြီး၊ ပါသွားသည့် ရွှေထည်ပစ္စည်း အရေအတွက်နှင့် တန်ဖိုးကို စိစစ်နေဆဲ ဖြစ်သည်။ လက်ရှိတွင် လုံခြုံရေးအဖွဲ့များက ပြစ်မှုကျူးလွန်သူများအား ဖမ်းဆီးရမိရေးအတွက် CCTV မှတ်တမ်းများကို စစ်ဆေးကာ ပိတ်ဆို့ ရှာဖွေလျက်ရှိကြောင်း သိရသည်။

news-view-count-icon

17