back

ရှမ်းပြည်နယ်၊ရွှေညောင်မြို့တွင် အမှိုက်သိမ်းစနစ်မရှိသည်မှာ လပေါင်းများစွာကြာမြင့်လာ၍ ပတ်ဝန်းကျင်ညစ်ညမ်းမှုများ ဖြစ်ပေါ်နေ

Jul 21 • 6:59 AM

breaking-news

မြန်မာ

ရှမ်း

cover

ရှမ်းပြည်နယ်၊ရွှေညောင်မြို့တွင် အမှိုက်သိမ်းစနစ်မရှိသည်မှာ လပေါင်းများစွာကြာမြင့်လာ၍ ပတ်ဝန်းကျင်ညစ်ညမ်းမှုများ ဖြစ်ပေါ်နေ

ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့တွင် ပုံမှန်အမှိုက်သိမ်းစနစ် မရှိတော့သဖြင့် ရပ်ကွက်အတွင်းရှိ ချောင်းများနှင့် ရေမြောင်းများ၌ အမှိုက်မျ...

ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့တွင် ပုံမှန်အမှိုက်သိမ်းစနစ် မရှိတော့သဖြင့် ရပ်ကွက်အတွင်းရှိ ချောင်းများနှင့် ရေမြောင်းများ၌ အမှိုက်များ ပိတ်ဆို့စုပုံကာ နေထိုင်မှုပတ်ဝန်းကျင် ယိုယွင်းလာနေကြောင်း ဒေသခံများက ပြောသည်။ အထူးသဖြင့် အင်းလေးကန်၏ အဓိကချောင်းလက်တက်ဖြစ်သည့် တာယောချောင်းအပါအဝင် မြို့ပေါ်ရပ်ကွက်အသီးသီးရှိ ရေမြောင်းများတွင် အမှိုက်များပိတ်ဆို့ပြီး ရေဆိုးများတင်ကျန်ခြင်းနှင့် အနံ့ဆိုးထွက်ခြင်းတို့ကို ဆိုးရွားစွာကြုံတွေ့နေရသည်။

ဒေသခံများ၏ ပြောပြချက်အရ ၂၀၂၆ ခုနှစ် မတ်လနောက်ပိုင်း လောင်စာဆီဈေးနှုန်းများ မြင့်တက်လာမှုကြောင့် အမှိုက်သိမ်းဆည်းသည့် ကုမ္ပဏီများ လုပ်ငန်းရပ်နားသွားခဲ့ခြင်းဖြစ်ပြီး ယနေ့အထိ ပုံမှန်စနစ် ပြန်မရှိသေးပေ။ လက်ရှိတွင် စည်ပင်မှ အမှိုက်လာမသိမ်းသဖြင့် အိမ်ထောင်စုများမှာ အမှိုက်များကို အိတ်များဖြင့်စုဆောင်းကာ အမှိုက်စွန့်ပစ်ရာနေရာများသို့ ကိုယ်ပိုင်အစီအစဉ်ဖြင့် သယ်ယူစွန့်ပစ်နေရသည်။ ရွှေညောင်မြို့၌ အမှိုက်သိမ်းဆည်းရေးကော်မတီ ဖွဲ့စည်းထားသည်ဟု သိရသော်လည်း လက်တွေ့တွင် အလုပ်မဖြစ်သေးသဖြင့် ရပ်ကွက်တွင်း အမှိုက်ပုံလာသည့်ပြဿနာကို အမြန်ဆုံးဖြေရှင်းပေးရန် ဒေသခံများက တောင်းဆိုနေကြသည်။

news-view-count-icon

22