အီရန်ကျောထောက်နောက်ခံပေးထားသော ယီမင်နိုင်ငံမှ ဟူရ်သီသူပုန်အဖွဲ့သည် ၎င်းတို့၏ မဟာပြိုင်ဘက် ဆော်ဒီအာရဗျနိုင်ငံကို ရေကြောင်းပိတ်ဆို့မှု ပြုလုပ်မည်ဟု ဇူလိုင် ၂၀ ရက်တွင် ကြေညာခဲ့သည်။ ပြီးခဲ့သည့် သီတင်းပတ်အတွင်း နှစ်ဖက်စလုံး နှစ်ပေါင်းများစွာအတွင်း ပထမဆုံးအကြိမ် တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့ပြီးနောက် ယခုကဲ့သို့ စစ်ရေးတင်းမာမှု ပိုမိုမြင့်တက်လာခဲ့ခြင်းဖြစ်သည်။ဟူရ်သီစစ်ဘက်ဆိုင်ရာ ပြောရေးဆိုခွင့်ရှိသူ ရာဟ်ယာဆာရီက ရုပ်သံသတင်းထုတ်ပြန်ချက်တွင် ရာဇဝတ်ဘေးသင့် ရန်သူဆော်ဒီကို "ထပ်တူလက်စားချေခြင်း" မူဝါဒဖြင့် ပင်လယ်ရေကြောင်း ပိတ်ဆို့မှုသည် ယခုကြေညာချက် ထုတ်ပြန်သည့်အချိန်မှစ၍ ချက်ချင်းစတင် အသက်ဝင်မည်ဟု ပြောကြားခဲ့သည်။ဆော်ဒီအာရေဗျက ဟူရ်သီတို့ ထိန်းချုပ်ထားသော ဆိပ်ကမ်းများနှင့် လေဆိပ်များကို ပိတ်ဆို့ထားခြင်း၊ ပြီးခဲ့သည့်သီတင်းပတ်အတွင်း ဆာနားလေဆိပ်ကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့ခြင်းတို့ကြောင့် ယခုကဲ့သို့ တုံ့ပြန်ရခြင်းဖြစ်ပြီး၊ မိမိတို့အနေဖြင့်လည်း ပိတ်ဆို့မှုကို ပိတ်ဆို့မှုဖြင့် ပြန်လည်တုံ့ပြန်သွားမည်ဟု ဆာရီက ပြောဆိုခဲ့သည်။ ထို့ပြင် ပဋိပက္ခအရှိန်မြင့်တက်စေရန် ဆော်ဒီရန်သူက လုပ်ဆောင်သည့် မိုက်မဲသော လုပ်ရပ်မှန်သမျှသည် ပိုမိုပြည့်စုံပြီး အပြတ်အသတ် တုံ့ပြန်မှုများဖြင့် ရင်ဆိုင်ရမည်ဖြစ်ကြောင်းလည်း ဟူရ်သီပြောရေးဆိုခွင့်ရှိသူက ထပ်လောင်းသတိပေးခဲ့သည်။
Jul 21 • 6:58 AM
UAE
ပြည်တွင်းသတင်း
မျှဝေမည်
| 12 | 0 | 0 | 0 |


