တနင်္သာရီတိုင်း၊ထားဝယ်မြို့ရှိ စက်သုံးဆီဆိုင်အချို့တွင် ပြည်ပမှ စက်သုံးဆီတင်သွင်းမှု လျှော့ချရန် ပြောဆိုချက်ထွက်ပေါ်လာပြီးနောက် နိုင်ငံတစ်ဝန်း စက်သုံးဆီခွဲတမ်းများ လျှော့ချခံရသဖြင့် ဇူလိုင်လ တတိယပတ်မှစတင်ကာ ဆီတန်းစီဝယ်ယူသူများ ပြန်လည်များပြားလာကြောင်း သိရသည်။ စက်သုံးဆီဖြန့်ဖြူးသူများ၏ ပြောပြချက်အရ ဆီပြတ်လပ်သွားခြင်းမဟုတ်ဘဲ ခွဲတမ်းလျှော့ချခံရသဖြင့် ဆီဆိုင်များက လက်ကျန်အခြေအနေအပေါ် ချင့်ချိန်ကာ ကားနံပါတ် စုံ/မ စနစ်ဖြင့် ပြန်လည်ကန့်သတ်ရောင်းချနေရခြင်းဖြစ်ပြီး၊ ပြည်သူများကလည်း စိုးရိမ်စိတ်ဖြင့် လာရောက်တိုးဝယ်နေကြခြင်းဖြစ်သည်။ဇူလိုင်လ ၂၀ ရက် ယမန်နေ့ပေါက်ဈေးအရ ထားဝယ်မြို့တွင် ၉၂ ဓာတ်ဆီတစ်လီတာလျှင် ၃,၃၇၀ ကျပ် ရှိသော်လည်း ပြင်ပမှောင်ခိုဈေးကွက်တွင်မူ ကျပ် ၅,၀၀၀ မှ ၆,၀၀၀ အထိ ဈေးမြင့်တက်နေသည်။ အလားတူ အိမ်နီးချင်း မွန်ပြည်နယ်တွင်လည်း ဇူလိုင်လဒုတိယပတ်အတွင်း ဆီပြတ်လပ်မှုနှင့် ဈေးနှုန်းကြီးမြင့်မှုများ ကြုံတွေ့နေရကြောင်း သိရသည်။ ထားဝယ်ဒေသတွင် ပြီးခဲ့သည့် မတ်လနှင့် ဧပြီလပိုင်းကလည်း နိုင်ငံတကာစစ်ပွဲဂယက်ကြောင့် ပြင်ပဈေးကွက်၌ စက်သုံးဆီတစ်လီတာလျှင် ကျပ်နှစ်သောင်းအထိ စံချိန်တင်မြင့်တက်ခဲ့ဖူးကြောင်း ဒေသခံများထံမှ သိရသည်။
တနင်္သာရီတိုင်း၊ထားဝယ်ရှိ စက်သုံးဆီဆိုင်များတွင် ဆီခွဲတမ်းလျှော့ချမှုကြောင့် တန်းစီဝယ်ယူသူ ပြန်လည်များပြားလာ
Jul 21 • 4:59 AM
မြန်မာ
တနင်္သာရီ
မျှဝေမည်
| 24 | 0 | 0 | 0 |


