back

ရန်ကုန်၌ ဆောက်လုပ်ရေးသုံး ကျောက်စရစ်များ အဝင်နည်းပြီး ဝယ်လိုအားများသဖြင့် ဈေးနှုန်းမြင့်တက်

Jul 21 • 3:52 AM

breaking-news

မြန်မာ

ရန်ကုန်

cover

ရန်ကုန်၌ ဆောက်လုပ်ရေးသုံး ကျောက်စရစ်များ အဝင်နည်းပြီး ဝယ်လိုအားများသဖြင့် ဈေးနှုန်းမြင့်တက်

ရန်ကုန်ဈေးကွက်အတွင်း ဆောက်လုပ်ရေးလုပ်ငန်းသုံး ကျောက်စရစ်ဝင်ရောက်မှုနည်းပါးပြီး ဝယ်လိုအားမြင့်တက်နေခြင်းကြောင့် ဈေးနှုန်းများ ကြီးမြင့်နေကြောင်း ရန်ကုန်တိုင်းဒေသ...

ရန်ကုန်ဈေးကွက်အတွင်း ဆောက်လုပ်ရေးလုပ်ငန်းသုံး ကျောက်စရစ်ဝင်ရောက်မှုနည်းပါးပြီး ဝယ်လိုအားမြင့်တက်နေခြင်းကြောင့် ဈေးနှုန်းများ ကြီးမြင့်နေကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ထံမှ သိရသည်။ ရန်ကုန်သို့ အဓိကတင်ပို့နေသည့် ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ကျောက်ကွင်းအချို့ ပိတ်ထားခြင်းကြောင့် ကျောက်စရစ်ထွက်ရှိမှု နည်းပါးသွားခြင်းဖြစ်ကာ သယ်ယူပို့ဆောင်ရေးရေယာဉ်များရှိသော်လည်း ဈေးနှုန်းမြင့်တက်မှုကို ကြုံတွေ့နေရခြင်းဖြစ်သည်။လက်ရှိ ရန်ကုန်အုတ်သဲကျောက်ဈေးကွက်တွင် အရောက်ပို့ဈေးနှုန်းအနေဖြင့် မြစ်ကျောက်တစ်ကျင်းလျှင် ကျပ် ၄၆၀,၀၀၀ ဝန်းကျင်နှင့် တစ်ကျင်းခွဲလျှင် ကျပ် ၆၈၀,၀၀၀ ဝန်းကျင်အထိ ပေါက်ဈေးရှိနေသည်။ ယင်းဈေးနှုန်းသည် မန္တလေးနှင့် နေပြည်တော်တို့ရှိ မြစ်ကျောက်တစ်ကျင်းလျှင် ကျပ် ၁၆၀,၀၀၀ ဝန်းကျင်သာရှိသည့် ဒေသတွင်းပေါက်ဈေးများနှင့် နှိုင်းယှဉ်ပါက အဆမတန် မြင့်တက်နေခြင်းဖြစ်ကြောင်း သိရသည်။

news-view-count-icon

25