back

မကွေးတိုင်း၊ ပခုက္ကူကြက်သွန်နီဈေးကွက်တွင် ကုန်ဝင်နည်းပြီး ဝယ်လိုအားများသဖြင့် တစ်ပိဿာ ကျပ် ၅,၀၀၀ ကျော်ထိ စံချိန်တင်မြင့်တက်လာ

Jul 21 • 3:14 AM

breaking-news

မြန်မာ

မကွေး

cover

မကွေးတိုင်း၊ ပခုက္ကူကြက်သွန်နီဈေးကွက်တွင် ကုန်ဝင်နည်းပြီး ဝယ်လိုအားများသဖြင့် တစ်ပိဿာ ကျပ် ၅,၀၀၀ ကျော်ထိ စံချိန်တင်မြင့်တက်လာ

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူကြက်သွန်နီဈေးကွက်အတွင်း ယခုဇူလိုင်လ တတိယပတ်ကုန်တွင် ဝယ်လက်များပြားပြီး ကုန်ဝင်ရောက်မှုနည်းပါးခြင်းကြောင့် ဈေးနှုန်းများ ထပ်မံမြင့်တက်...

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူကြက်သွန်နီဈေးကွက်အတွင်း ယခုဇူလိုင်လ တတိယပတ်ကုန်တွင် ဝယ်လက်များပြားပြီး ကုန်ဝင်ရောက်မှုနည်းပါးခြင်းကြောင့် ဈေးနှုန်းများ ထပ်မံမြင့်တက်လာရာ ကြက်သွန်နီတစ်ပိဿာလျှင် ကျပ် ၅,၀၀၀ ကျော်အထိ ရောက်ရှိလာကြောင်း သိရသည်။ ဈေးနှုန်းများအနေဖြင့် ဇူလိုင်လဆန်းပိုင်းတွင် ၄,၀၀၀ ကျပ်၊ လလယ်ပိုင်းတွင် ၄,၅၀၀ ကျပ် ရှိခဲ့ရာမှ ဇူလိုင်လ ၂၀ ရက်နေ့တွင် တစ်ပိဿာလျှင် ကျပ် ၅,၂၀၀ အထိ စံချိန်တင်မြင့်တက်လာခြင်းဖြစ်သည်။ဒေသခံ ကြက်သွန်ရောင်းဝယ်သူတစ်ဦး၏ ပြောပြချက်အရ ယခုနှစ်တွင် ကြက်သွန်စိုက်ပျိုးသည့် နယ်မြေအားလုံး၌ အထွက်နှုန်းလျော့နည်းသဖြင့် ဈေးကွက်အတွင်း ကုန်ဝင်နည်းနေပြီး ဝယ်လိုအားကောင်းနေသောကြောင့် ယခုကဲ့သို့ တစ်ခါမျှမကြုံဖူးသည့် ဈေးနှုန်းအထိ မြင့်တက်လာခြင်းဖြစ်ကြောင်း၊ ဈေးကောင်းရသဖြင့် လှောင်သမားများလည်း ထုတ်ရောင်းနေကြကြောင်း သိရသည်။ဇူလိုင်လ ၂၀ ရက်နေ့ ပခုက္ကူကြက်သွန်ဈေးကွက်တွင် ပိဿာချိန် ၂ သောင်းကျော် ဝင်ရောက်ခဲ့ပြီး ဂျွန်ကြီးတစ်ပိဿာလျှင် ၄,၇၀၀ ကျပ်မှ ၅,၂၀၀ ကျပ်၊ ဂျွန်လတ်တစ်ပိဿာလျှင် ၃,၉၀၀ ကျပ်မှ ၄,၆၀၀ ကျပ်နှင့် ဂျွန်သေးတစ်ပိဿာလျှင် ၃,၃၀၀ ကျပ်မှ ၃,၈၀၀ ကျပ်အထိ ပေါက်ဈေးရှိခဲ့သည်။ ပြီးခဲ့သည့် ၂၀၂၅ ခုနှစ် ကြက်သွန်ရာသီတွင် ကြက်သွန်နီတစ်ပိဿာလျှင် ၁,၅၀၀ ကျပ်ခန့်သာ ရှိခဲ့ပြီး ယခုနှစ်ရာသီအစတွင်လည်း ၁,၆၀၀ ကျပ်ဝန်းကျင်သာ ရှိခဲ့ရာမှ လက်ရှိတွင် ယခုကဲ့သို့ ဈေးနှုန်းများ အဆမတန် မြင့်တက်လာခြင်းဖြစ်ကြောင်း သိရသည်။

news-view-count-icon

20