back

ပြည်တွင်း၌ ဝိနည်းနှင့်မညီသည့် ရဟန်းအသုံးအဆောင် သင်္ကန်းပါ (၅) မျိုးခြင်းများ ဈေးကွက်အတွင်း ပျံ့နှံ့နေ

Jul 21 • 2:53 AM

breaking-news

မြန်မာ

ပြည်တွင်း

cover

ပြည်တွင်း၌ ဝိနည်းနှင့်မညီသည့် ရဟန်းအသုံးအဆောင် သင်္ကန်းပါ (၅) မျိုးခြင်းများ ဈေးကွက်အတွင်း ပျံ့နှံ့နေ

ဝါဆိုလတွင် ရဟန်းသံဃာတော်များကို လှူဒါန်းကြမည့် အလှူရှင်များကို ပစ်မှတ်ထား၍ အရည်အသွေးမပြည့်မီဘဲ ဝိနည်းနှင့်ကိုက်ညီမှုမရှိသော သင်္ကန်းပါ (၅) မျိုးခြင်းများ ရန်ကုန...

ဝါဆိုလတွင် ရဟန်းသံဃာတော်များကို လှူဒါန်းကြမည့် အလှူရှင်များကို ပစ်မှတ်ထား၍ အရည်အသွေးမပြည့်မီဘဲ ဝိနည်းနှင့်ကိုက်ညီမှုမရှိသော သင်္ကန်းပါ (၅) မျိုးခြင်းများ ရန်ကုန်နှင့် မန္တလေး သင်္ကန်းပရိက္ခရာဈေးကွက်အတွင်း အများအပြား ပျံ့နှံ့နေကြောင်း လုပ်ငန်းရှင်များထံမှ သိရသည်။ သင်္ကန်းတစ်စုံဈေးနှုန်းပင်လျှင် အနည်းဆုံး ကျပ် ၄၀,၀၀၀ ကျော်ရှိနေသည့် လက်ရှိကာလတွင် ထီး၊ ဖိနပ်၊ ယပ်တောင်နှင့် ဆေးဝါးများ အပါအဝင် ၅ မျိုးခြင်းကို ကျပ် ၃၀,၀၀၀ ကျော်ဖြင့် ဈေးပေါပေါ ရောင်းချနေခြင်းကြောင့် မသိနားမလည်ဘဲ ဝယ်ယူမိပါက ငွေကြေးနစ်နာရုံသာမက လှူဒါန်းခံရသည့် သံဃာတော်များ၌လည်း ဝိနည်းစည်းကမ်းအရ အသုံးပြုရန် အခက်တွေ့နိုင်ကြောင်း သတိပေးထားသည်။စံချိန်စံညွှန်းပြည့်မီပြီး ဝိနည်းနှင့်အညီ စနစ်တကျ ပြင်ဆင်ထားသည့် ရဟန်းအသုံးအဆောင် ၅ မျိုးခြင်းတစ်ခြင်းလျှင် အနည်းဆုံး ကျပ် ၁ သိန်းခွဲနှင့်အထက် ရှိကြောင်း ဈေးကွက်အတွင်းမှ သိရသည်။

news-view-count-icon

43