အင်ဒိုနီးရှားနိုင်ငံ၌ ဇူလိုင် ၁၅ ရက်က ခရီးသည် ၇၀ တင်ဆောင်လာသည့် Nurul Salsa အမည်ရှိ သစ်သားသင်္ဘော အင်ဂျင်ချို့ယွင်းကာ ပင်လယ်အတွင်း နစ်မြုပ်ခဲ့မှုကြောင့် အင်ဒိုနီးရှား ရေတပ်နှင့် ကယ်ဆယ်ရေးအဖွဲ့များက တစ်ပတ်ကြာ ရှာဖွေကယ်ဆယ်ရေး ဆောင်ရွက်ခဲ့ရာ လက်ရှိအချိန်ထိ အသက်ရှင်သူ ၅၀ ဦး ကယ်တင်နိုင်ခဲ့ပြီး ၂၀ ဦး ပျောက်ဆုံးနေသေးကြောင်း သိရသည်။ ကယ်ဆယ်ရေးအဖွဲ့များသည် ဇူလိုင် ၁၈ ရက်တွင် ငါးပိုက်ကို ခိုတွဲကာ စားသောက်ဖွယ်ရာအချို့ဖြင့် ကြံ့ကြံ့ခံခဲ့သည့် ၇ နှစ်အရွယ် မိန်းကလေး အပါအဝင် ၅ ဦးကိုလည်းကောင်း၊ ဇူလိုင် ၁၉ ရက်တွင် ဘာလာလိုဟို ကျွန်းပေါ်သို့ ကမ်းတင်လွတ်မြောက်ခဲ့သည့် သားအမိ ၂ ဦးကိုလည်းကောင်း အသက်ရှင်လျက် ထပ်မံ ကယ်တင်နိုင်ခဲ့သည်။ အဆိုပါသင်္ဘောသည် ခရီးသည် ၅၀ သာ စာရင်းသွင်းထားသော်လည်း မနိုင်ဝန်အဖြစ် ၇၀ ထိ တင်ဆောင်ခဲ့သဖြင့် ကပ္ပတိန်နှင့် တာဝန်ရှိသူများကို စစ်ဆေးနေပြီး၊ လက်ရှိတွင် ၈ ပေခန့်ရှိသော ပင်လယ်လှိုင်းကြီးမှုများကြားမှ ပျောက်ဆုံးနေသူများကို ရေတပ်က ဇွဲမလျော့ဘဲ ဆက်လက် ရှာဖွေလျက်ရှိကြောင်း သိရသည်။
ခရီးသည် ၇၀ ပါ အင်ဒိုနီးရှား သစ်သားသင်္ဘော နစ်မြုပ်မှုတွင် ၅၀ ဦး အသက်ရှင် ကယ်တင်နိုင်ခဲ့ပြီး ပျောက်ဆုံးနေသူများကို ဆက်လက် ရှာဖွေနေ
Jul 20 • 12:06 PM
မြန်မာ
ပြည်ပ
မျှဝေမည်
| 26 | 0 | 0 | 0 |


