back

ထိုင်းနိုင်ငံ မယ်ဆိုင်မြို့၌ တရားမဝင် ပြေးဆွဲနေသည့် မြန်မာသုံးဘီး ဆိုင်ကယ်တက္ကစီ အများအပြား ဖမ်းဆီးခံရ

Jul 20 • 12:06 PM

breaking-news

ထိုင်း

ပြည်တွင်းသတင်း

cover

ထိုင်းနိုင်ငံ မယ်ဆိုင်မြို့၌ တရားမဝင် ပြေးဆွဲနေသည့် မြန်မာသုံးဘီး ဆိုင်ကယ်တက္ကစီ အများအပြား ဖမ်းဆီးခံရ

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့တစ်ဖက်ကမ်း ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ရှိ နိုင်ဘွန်ယွမ်ဈေးရှေ့တွင် ခရီးသည်တင် ပြေးဆွဲရန် စောင့်ဆိုင်းနေသည့် မြန်မာမှတ်ပုံ...

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့တစ်ဖက်ကမ်း ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ရှိ နိုင်ဘွန်ယွမ်ဈေးရှေ့တွင် ခရီးသည်တင် ပြေးဆွဲရန် စောင့်ဆိုင်းနေသည့် မြန်မာမှတ်ပုံတင်ပါ သုံးဘီးဆိုင်ကယ် တက္ကစီ ၃၀ မှ ၄၀ ခန့်ကို ထိုင်းအာဏာပိုင် ပူးပေါင်းအဖွဲ့က ဇူလိုင် ၂၀ ရက် နံနက်ပိုင်းတွင် ဝင်ရောက်ဖမ်းဆီးခဲ့ကြောင်း သိရသည်။ ထိုင်းနိုင်ငံ၌ မော်တော်ယာဉ် မောင်းနှင်ခြင်းသည် နိုင်ငံခြားသား ရွှေ့ပြောင်းလုပ်သားများ လုံးဝမလုပ်ရသည့် ထိုင်းနိုင်ငံသားသီးသန့် ကန့်သတ်အလုပ်အကိုင် ဖြစ်သဖြင့် ဖမ်းဆီးခံရသူများကို အနည်းဆုံး ဒဏ်ငွေ ဘတ် ၅,၀၀၀ ချမှတ်မည်ဖြစ်ပြီး ယာဉ်များကိုလည်း သိမ်းဆည်းစစ်ဆေး လျက်ရှိကြောင်း သိရသည်။

news-view-count-icon

17