back

ရန်ကုန်တိုင်းဒေသကြီး၊မှော်ဘီမြို့နယ်မှ လျှပ်စစ်ဓာတ်အား ခိုးယူသုံးစွဲသည့် ကော်စေ့လုပ်ငန်းပိုင်ရှင်အား ဒဏ်ကြေးချမှတ်ပြီး ၁၄ ရက်အတွင်း မပေးသွင်းပါက ဥပဒေအရ အရေးယူမည်

Jul 20 • 10:50 AM

breaking-news

မြန်မာ

ရန်ကုန်

cover

ရန်ကုန်တိုင်းဒေသကြီး၊မှော်ဘီမြို့နယ်မှ လျှပ်စစ်ဓာတ်အား ခိုးယူသုံးစွဲသည့် ကော်စေ့လုပ်ငန်းပိုင်ရှင်အား ဒဏ်ကြေးချမှတ်ပြီး ၁၄ ရက်အတွင်း မပေးသွင်းပါက ဥပဒေအရ အရေးယူမည်

ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်၊ ဝါးနက်ချောင်းကျေးရွာရှိ ကော်စေ့လုပ်ငန်း၌ မီတာအဖုံး၏ Seal ကို ပြုပြင်ကာ လျှပ်စစ်ဓာတ်အား ခိုးယူသုံးစွဲထားကြောင်း ဇူလိုင် ၁၃ ရက်တွင...

ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်၊ ဝါးနက်ချောင်းကျေးရွာရှိ ကော်စေ့လုပ်ငန်း၌ မီတာအဖုံး၏ Seal ကို ပြုပြင်ကာ လျှပ်စစ်ဓာတ်အား ခိုးယူသုံးစွဲထားကြောင်း ဇူလိုင် ၁၃ ရက်တွင် လျှပ်စစ်စွမ်းအားဝန်ကြီးဌာနနှင့် ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်းတို့က စစ်ဆေးတွေ့ရှိခဲ့သဖြင့် မီတာအား ဖြုတ်သိမ်းခဲ့ကြောင်း သိရသည်။ ထိုသို့ ခိုးယူသုံးစွဲမှုကြောင့် ဓာတ်အားယူနစ် ၄ သိန်းခွဲခန့် နစ်နာဆုံးရှုံးခဲ့ရသဖြင့် လျော်ကြေးနှင့် ဒဏ်ကြေး ငွေကျပ် သိန်း ၃၀၀ ကျော် ပေးဆောင်စေခဲ့ပြီး ၆ လ ဓာတ်အားပေးခြင်း ရပ်ဆိုင်းမည်ဖြစ်ကြောင်း၊ သတ်မှတ် လျော်ကြေးနှင့် ဒဏ်ကြေးငွေများကို ၁၄ ရက်အတွင်း လာရောက်မပေးသွင်းပါက လျှပ်စစ်ဥပဒေအရ တရားစွဲဆို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

news-view-count-icon

23