ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်၊ သဲဖြူကျေးရွာ သီတာအေးလမ်းဘေး၌ ဇူလိုင် ၂၀ ရက် မွန်းလွဲ ၁ နာရီ ၄၅ မိနစ်ခန့်က ယာဉ်တိုက်မှုဖြစ်ပွားပြီး လူညပ်နေကြောင်း သတင်းရရှိသဖြင့် ထန်းတပင်မီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ သွားရောက်ကာ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ရာ မွန်းလွဲ ၂ နာရီ ၂၁ မိနစ်ခန့်တွင် ညပ်နေသည့် လူနာအား အောင်မြင်စွာ ကယ်ထုတ်ပေးနိုင်ခဲ့ကြောင်း သိရသည်။



