back

မွန်ပြည်နယ်၊မုဒုံမြို့နယ်ရှိ နိုင်ငံတော်ပိုင်မြေနေရာတွင် တိရစ္ဆာန်အစာချက်စက်ရုံနှင့် ရွှေဇီဝမြေဩဇာထုတ်စက်ရုံများ တည်ဆောက်မည်

Jul 19 • 9:48 AM

breaking-news

မြန်မာ

မွန်

cover

မွန်ပြည်နယ်၊မုဒုံမြို့နယ်ရှိ နိုင်ငံတော်ပိုင်မြေနေရာတွင် တိရစ္ဆာန်အစာချက်စက်ရုံနှင့် ရွှေဇီဝမြေဩဇာထုတ်စက်ရုံများ တည်ဆောက်မည်

မွန်ပြည်နယ်၊ မုဒုံမြို့နယ်၊ တာပသွန်ကျေးရွာအုပ်စု၊ ခလောက်ပေါ်ရွာကွင်းရှိ နိုင်ငံတော်ပိုင်မြေနေရာတွင် ပြည်နယ်အတွင်း ဒေသထုတ်ကုန်များ မြှင့်တင်နိုင်ရေး၊ ရင်းနှီးမြှ...

မွန်ပြည်နယ်၊ မုဒုံမြို့နယ်၊ တာပသွန်ကျေးရွာအုပ်စု၊ ခလောက်ပေါ်ရွာကွင်းရှိ နိုင်ငံတော်ပိုင်မြေနေရာတွင် ပြည်နယ်အတွင်း ဒေသထုတ်ကုန်များ မြှင့်တင်နိုင်ရေး၊ ရင်းနှီးမြှုပ်နှံမှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေးနှင့် ဒေသခံများအတွက် အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးနိုင်ရေးတို့အတွက် တိရစ္ဆာန်အစာချက်စက်ရုံနှင့် ရွှေဇီဝမြေဩဇာထုတ်စက်ရုံများကို တည်ဆောက်သွားမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ စက်ရုံများ တည်ဆောက်မည့် မြေနေရာများသို့ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဝင်းသန်းနှင့် တာဝန်ရှိသူများက ဇူလိုင် ၁၈ ရက် နံနက်ပိုင်းတွင် သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး၊ စက်ရုံများ ရေရှည်လည်ပတ်နိုင်ရန် လိုအပ်မည့် လျှပ်စစ်မီးရရှိရေးနှင့် ကုန်စည်စီးဆင်းမှု လွယ်ကူစေရန် လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်အောင် ကြိုတင်ပြင်ဆင်ဆောင်ရွက်ရန် ညွှန်ကြားခဲ့ကြောင်း သိရသည်။

news-view-count-icon

12