ယနေ့ ဇူလိုင်လ ၁၉ ရက်နေ့ နံနက် ၅ နာရီခွဲခန့်မှ စတင်ကာ ရန်ကုန်တစ်မြို့လုံးရှိ မိုဘိုင်းဖုန်းလိုင်းများ ဖြတ်တောက်ခံထားရကြောင်း မြို့ခံများထံမှ သိရသည်။ လက်ရှိတွင် အော်ပရေတာ လေးခုစလုံး၏ ဖုန်းလိုင်းများ အသုံးပြု၍မရဘဲ ပြတ်တောက်နေခြင်း ဖြစ်သည်။အဆိုပါ မိုဘိုင်းလိုင်းများ ပြတ်တောက်နေချိန်တွင် ရန်ကုန်မြို့၌ ဝိုင်ဖိုင် (Wi-Fi) အင်တာနက် ရရှိနေသော်လည်း အချို့သော မြို့များတွင်မူ ဝိုင်ဖိုင်အင်တာနက်လိုင်းများပါ ထပ်မံဖြတ်တောက်ခံထားရကြောင်း သိရသည်။ ယခုကဲ့သို့ ဆက်သွယ်ရေးလိုင်းများ ရုတ်တရက် အစုလိုက်အပြုံလိုက် ပြတ်တောက်သွားမှုကြောင့် ပြည်သူများအကြား သတင်းအချက်အလက် စီးဆင်းမှု ကြန့်ကြာကာ စိုးရိမ်ပူပန်မှုများ ဖြစ်ပေါ်နေကြပြီး နောက်ဆက်တွဲအခြေအနေများကို ဆက်လက်စုံစမ်းလျက် ရှိသည်။
Jul 19 • 4:05 AM
မြန်မာ
ရန်ကုန်
မျှဝေမည်
| 24 | 0 | 0 | 0 |


