back

မန္တလေးတိုင်း၊ပုဂံဒေသရှိ သဗ္ဗညုဘုရား စတုတ္ထပစ္စယံ၌ ပုဂံခေတ်လက်ရာ အရိုးတံပါသံကွင်း ၁၁ ကွင်း တွေ့ရှိ

Jul 19 • 3:30 AM

breaking-news

မြန်မာ

မန္တလေး

cover

မန္တလေးတိုင်း၊ပုဂံဒေသရှိ သဗ္ဗညုဘုရား စတုတ္ထပစ္စယံ၌ ပုဂံခေတ်လက်ရာ အရိုးတံပါသံကွင်း ၁၁ ကွင်း တွေ့ရှိ

မန္တလေးတိုင်းရှိ ပုဂံကမ္ဘာ့အမွေအနှစ်ဒေသ၊ သဗ္ဗညုဘုရား စတုတ္ထပစ္စယံရှိ အရံစေတီ အနောက်မြောက်ထောင့် စိန်တန်းများ ပြုပြင်ရာမှ အုတ်ခဲများကြားတွင် မြှုပ်နှံထားသည့် အရိ...

မန္တလေးတိုင်းရှိ ပုဂံကမ္ဘာ့အမွေအနှစ်ဒေသ၊ သဗ္ဗညုဘုရား စတုတ္ထပစ္စယံရှိ အရံစေတီ အနောက်မြောက်ထောင့် စိန်တန်းများ ပြုပြင်ရာမှ အုတ်ခဲများကြားတွင် မြှုပ်နှံထားသည့် အရိုးတံပါ သံကွင်း ၁၁ ကွင်းကို တွေ့ရှိခဲ့ကြောင်း သိရသည်။ရှေးဟောင်းသုတေသနဌာန၏ စစ်ဆေးချက်အရ အဆိုပါ အုတ်နှင့် သရွတ်များသည် ပုဂံခေတ်ဦးလက်ရာများ ဖြစ်ကြောင်း စိစစ်တွေ့ရှိရတာ ဖြစ်ပါသည်။ပုဂံခေတ်တွင် အာနန္ဒာ၊ ဓမ္မရံကြီး၊ အပါယ်ရတနာနှင့် နန်းဘုရားတို့၌လည်း ယခုကဲ့သို့ မီးအလင်းရောင်ချိတ်ဆွဲရန် သံကွင်းများကို အသုံးပြုခဲ့သည့် သမိုင်းအထောက်အထားများ ရှိခဲ့သည်။ လက်ရှိ တွေ့ရှိရသည့် သံကွင်း ၁၁ ကွင်းနှင့် ပတ်သက်၍ ပိုမိုစစ်မှန်တိကျစေရန် နေပြည်တော်ရှိ ရှေးဟောင်းပညာရှင်အဖွဲ့ထံ တင်ပြကာ စိစစ်အတည်ပြုချက် ရယူလျက်ရှိကြောင်း သိရသည်။

news-view-count-icon

29