ရန်ကုန်မြို့ပြအင်္ဂါရပ်များနှင့်အညီ သပ်ရပ်လှပစေရေးနှင့် လမ်းဘေးအန္တရာယ် ကင်းရှင်းစေရေးတို့အတွက် အဓိကကျသော လမ်းမကြီးများပေါ်ရှိ ရှုပ်ထွေးနေသည့် ဆက်သွယ်ရေးကေဘယ်လ်ကြိုးများ ရှင်းလင်းခြင်းလုပ်ငန်းစဉ်ကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်လျက်ရှိရာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး သည် တာဝန်ရှိသူများနှင့်အတူ ပြည်လမ်းနှင့် လမ်းသစ်လမ်းတစ်လျှောက် ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပါတယ်။



