back

မကွေးတိုင်း၌ ကြက်ဥဈေးကောင်းရပြီး ဥနှုန်းကောင်းမွန်သဖြင့် ဥစားကြက်မွေးမြူသူများ အဆင်ပြေလျက်ရှိ

Jul 17 • 9:24 AM

breaking-news

မြန်မာ

မကွေး

cover

မကွေးတိုင်း၌ ကြက်ဥဈေးကောင်းရပြီး ဥနှုန်းကောင်းမွန်သဖြင့် ဥစားကြက်မွေးမြူသူများ အဆင်ပြေလျက်ရှိ

လက်ရှိတွင် ကြက်ဥတစ်လုံးလျှင် အရွယ်အစားပေါ်မူတည်၍ ၄၀၀ ကျပ်မှ ၅၅၀ ကျပ်အထိ ဈေးကောင်းရရှိနေသည့်အပြင် ကြက်ဥနှုန်းပါ မြင့်မားနေသဖြင့် ဥစားကြက်မွေးမြူသူများ ပိုမိုအဆင်...

လက်ရှိတွင် ကြက်ဥတစ်လုံးလျှင် အရွယ်အစားပေါ်မူတည်၍ ၄၀၀ ကျပ်မှ ၅၅၀ ကျပ်အထိ ဈေးကောင်းရရှိနေသည့်အပြင် ကြက်ဥနှုန်းပါ မြင့်မားနေသဖြင့် ဥစားကြက်မွေးမြူသူများ ပိုမိုအဆင်ပြေလျက်ရှိကြောင်း မကွေးတိုင်းဒေသကြီး သမဝါယမအသင်းဦးစီးဌာနမှ သိရသည်။ ယခင်က ကြက်ဥတစ်လုံးလျှင် အမြင့်ဆုံး ၄၀၀ ကျပ်သာ ရှိခဲ့ရာမှ ယခုကဲ့သို့ ဈေးကောင်းရရှိလာခြင်းဖြစ်ပြီး မကွေးတိုင်းဒေသကြီးရှိ ရွှေတင့်ထူး စိုက်ပျိုးမွေးမြူရေးဇုန်အတွင်း သမဝါယမအသင်းက ဦးစီးသည့် ဥစားကြက်ခြံ ၆ ခြံ၌ ကြက်အကောင်ရေ တစ်သောင်းကျော် မွေးမြူထားကြောင်း၊ လက်ရှိတွင် တိုင်းဒေသကြီးအတွင်း ကြက်ဥစားသုံးမှု ဖူလုံစေရန်အတွက် အဆိုပါ ဥစားကြက်မွေးမြူရေးခြံများကို ထပ်မံတိုးချဲ့ရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

news-view-count-icon

22