back

VK နှင့် Max App များ Google Play Store ပေါ်မှ ဖယ်ရှားခံရသော်လည်း အခြား App Store များတွင် ဆက်လက်ရယူနိုင်

Jul 17 • 9:19 AM

breaking-news

မြန်မာ

ပြည်ပ

cover

VK နှင့် Max App များ Google Play Store ပေါ်မှ ဖယ်ရှားခံရသော်လည်း အခြား App Store များတွင် ဆက်လက်ရယူနိုင်

လူသုံးများသည့် VK နှင့် Max Application များသည် Google Play Store ပေါ်မှ ဖယ်ရှားခြင်း ခံခဲ့ရသော်လည်း ယခင်ကတည်းက ဒေါင်းလုဒ်ဆွဲ ထည့်သွင်းထားပြီးသား အသုံးပြုသူများ...

လူသုံးများသည့် VK နှင့် Max Application များသည် Google Play Store ပေါ်မှ ဖယ်ရှားခြင်း ခံခဲ့ရသော်လည်း ယခင်ကတည်းက ဒေါင်းလုဒ်ဆွဲ ထည့်သွင်းထားပြီးသား အသုံးပြုသူများအနေဖြင့် ဝန်ဆောင်မှုများကို ကန့်သတ်ချက်မရှိ ပုံမှန်အတိုင်း ဆက်လက်အသုံးပြုနိုင်ကြောင်း VK ဘက်က ပြောကြားထားသည်။ ထို့ပြင် Android အသုံးပြုသူများအတွက် App အတွင်းရှိ စာတိုများ၊ အစီအစဉ်များနှင့် ဖုန်းခေါ်ဆိုမှုများအတွက် Push Notification အသိပေးချက်များကိုလည်း ပုံမှန်အတိုင်း ဆက်လက်ရရှိနေမည်ဖြစ်သည်။ လက်ရှိတွင် အဆိုပါ Max နှင့် VK App များကို ရယူလိုပါက RuStore, Huawei AppGallery, Samsung Galaxy Store, Xiaomi GetApps နှင့် အခြားသော Android App Store များမှတစ်ဆင့် ဒေါင်းလုဒ်ဆွဲကာ ထည့်သွင်းအသုံးပြုနိုင်ကြောင်း သတင်းထုတ်ပြန်ချက်အရ သိရသည်။

news-view-count-icon

27