မြန်မာ့လူငယ်ရေကူးအားကစားသမားများကို မြှင့်တင်ပေးရန်နှင့် မျိုးတုံးမည့်အန္တရာယ်နှင့် ရင်ဆိုင်နေရသည့် ဧရာဝတီလင်းပိုင်များကို ထိန်းသိမ်းကာကွယ်ရန် ရည်ရွယ်သည့် "Irrawaddy Invitationals" ရန်ပုံငွေ ရေကူးပြိုင်ပွဲကို ၂၀၂၆ ခုနှစ် ဩဂုတ် ၁ ရက်နှင့် ၂ ရက်တို့တွင် သန်လျင်မြို့ရှိ Star City Sports Club (SCSC) ရေကူးကန်၌ ကျင်းပသွားမည်ဖြစ်သည်။ အဆိုပါပြိုင်ပွဲကို Friends of Dolphins အဖွဲ့က ဦးစီးကျင်းပခြင်းဖြစ်ပြီး ရေကူးအားကစားဖွံ့ဖြိုးတိုးတက်ရေး၊ ဧရာဝတီလင်းပိုင်များ ကာကွယ်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးခြင်းနှင့် ရန်ပုံငွေရှာဖွေခြင်းတို့ကို ပူးတွဲလုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။
ဧရာဝတီလင်းပိုင်ထိန်းသိမ်းရေး ရန်ပုံငွေ “Irrawaddy Invitationals” ရေကူးပြိုင်ပွဲကို သန်လျင် Star City ၌ ကျင်းပမည်
Jul 17 • 9:18 AM
မြန်မာ
ရန်ကုန်
မျှဝေမည်
| 13 | 0 | 0 | 0 |


