back

ရန်ကုန်တိုင်းဒေသကြီး၊တိုက်ကြီးမြို့နယ် ရန်ကုန်-ပြည်လမ်းတွင် ယာဉ်တိုက်မှုဖြစ်ပွား

Jul 17 • 9:16 AM

breaking-news

မြန်မာ

ရန်ကုန်

cover

ရန်ကုန်တိုင်းဒေသကြီး၊တိုက်ကြီးမြို့နယ် ရန်ကုန်-ပြည်လမ်းတွင် ယာဉ်တိုက်မှုဖြစ်ပွား

ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်၊ ရန်ကုန်-ပြည်ကားလမ်းတွင် ၂၀၂၆ ခုနှစ် ဇူလိုင် ၁၇ ရက် နံနက် ၁၁ နာရီ ၈ မိနစ်အချိန်ခန့်က ယာဉ်တိုက်မှုဖြစ်ပွားပြီး လူတစ်ဦး ညပ...

ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်၊ ရန်ကုန်-ပြည်ကားလမ်းတွင် ၂၀၂၆ ခုနှစ် ဇူလိုင် ၁၇ ရက် နံနက် ၁၁ နာရီ ၈ မိနစ်အချိန်ခန့်က ယာဉ်တိုက်မှုဖြစ်ပွားပြီး လူတစ်ဦး ညပ်နေကြောင်း သတင်းရရှိသဖြင့် တိုက်ကြီးမြို့နယ်မီးသတ်စခန်းမှ ကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များနှင့် မီးငြှိမ်းသတ်ယာဉ် (၁) စီးတို့ သွားရောက်ကူညီ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။ အဆိုပါ ဖြစ်ပွားရာနေရာ၌ မီးသတ်တပ်ဖွဲ့ဝင်များက ကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်ခဲ့ရာ နံနက် ၁၁ နာရီ ၁၆ မိနစ်တွင် ကားခေါင်းခန်းအတွင်း ပိတ်မိညပ်နေသည့် အမျိုးသားတစ်ဦး (မစိုးရိမ်ရ) အား အောင်မြင်စွာ ကယ်ထုတ်နိုင်ခဲ့ပြီး၊ ၎င်းအား နိဗ္ဗာန်ချမ်းသာ အရေးပေါ်လူနာတင်ယာဉ်ဖြင့် တိုက်ကြီးမြို့နယ်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

news-view-count-icon

14