မြန်မာနိုင်ငံတစ်ဝန်းလုံးတွင် ဆိုလာစနစ်အသုံးပြုမှု ပိုမိုများပြားလာသည်နှင့်အမျှ ဆိုလာစနစ်၏ တည်ဆောက်ပုံကို စနစ်တကျနားလည်ပြီး အိမ်သုံးဆိုလာစနစ်များနှင့် Solar Farm ကြီးများကို မီးဘေးလုံခြုံရေး စစ်ဆေးအကြံပြုနိုင်ရန်၊ ဆိုလာစနစ်ကြောင့် မီးလောင်မှုဖြစ်ပွားပါက ဘေးအန္တရာယ်ကင်းရှင်းစွာ ငြှိမ်းသတ်နိုင်ရန်နှင့် ပြည်သူလူထုကို မီးဘေးအသိပညာပေးရာတွင် အထောက်အကူပြုနိုင်ရန် ရည်ရွယ်၍ မီးသတ်ဦးစီးဌာနရှိ တပ်ဖွဲ့ဝင်များအား ဆိုလာစနစ်မီးဘေးလုံခြုံရေးဆိုင်ရာသင်တန်းကို ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။
မီးသတ်ဦးစီးဌာနမှ တပ်ဖွဲ့ဝင်များအား ဆိုလာစနစ်မီးဘေးလုံခြုံရေးဆိုင်ရာသင်တန်း ဖွင့်လှစ်သင်ကြားပေးလျက်ရှိ
Jul 17 • 9:14 AM
မြန်မာ
ပြည်တွင်း
မျှဝေမည်
| 23 | 0 | 0 | 0 |

