ပြည်တွင်းရှိ ဝါစေ့ဆီထုတ်စက်များနှင့် ချည်မျှင်ထုတ်လုပ်မည့်စက်များ တည်ထောင်ရန်နှင့် တိုးချဲ့တပ်ဆင်ရန် အပါအဝင် ဝါလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး (MSME) ရန်ပုံငွေမှ ချေးငွေများ ထုတ်ချေးပေးမည်ဖြစ်ရာ ချေးငွေအဆိုပြုလွှာများကို သက်ဆိုင်ရာ နေပြည်တော်/တိုင်း/ပြည်နယ် MSME အေဂျင်စီရုံးများသို့ ပေးပို့လျှောက်ထားနိုင်ကြောင်း စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာနက အသိပေးထုတ်ပြန်ထားသည်။ အဆိုပါ ချေးငွေလျှောက်ထားမှုနှင့်ပတ်သက်၍ အသေးစိတ်အချက်အလက်များကို သိရှိလိုပါက နေပြည်တော် ရုံးအမှတ် (၃၇) ရှိ စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာန (ရုံးချုပ်) ၏ ဖုန်းနံပါတ် ၀၆၇-၃၄၀၈၃၉၅ နှင့် ၀၉-၄၀၁၂၂၄၉၉၈ တို့သို့ ရုံးချိန်အတွင်း ဆက်သွယ်မေးမြန်းနိုင်ကြောင်း သိရသည်။
ဝါလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် MSME ရန်ပုံငွေမှ ချေးငွေများ ထုတ်ချေးပေးမည်ဖြစ်၍ လျှောက်ထားနိုင်
Jul 17 • 9:12 AM
မြန်မာ
ပြည်တွင်း
မျှဝေမည်
| 20 | 0 | 0 | 0 |


