back

ရန်ကုန်-မှော်ဘီ ရထားလမ်းပိုင်း ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် လမ်းပိုင်းအဆင့်မြှင့်တင်မှုလုပ်ငန်းများ ကွင်းဆင်းစစ်ဆေး

Jul 17 • 4:36 AM

breaking-news

မြန်မာ

ရန်ကုန်

cover

ရန်ကုန်-မှော်ဘီ ရထားလမ်းပိုင်း ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် လမ်းပိုင်းအဆင့်မြှင့်တင်မှုလုပ်ငန်းများ ကွင်းဆင်းစစ်ဆေး

ရန်ကုန်-ပြည် ရထားလမ်းပိုင်းအတွင်း ခရီးသွားပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစွာ သွားလာနိုင်ရေးနှင့် ရထားလမ်းပိုင်း အဆင့်မြှင့်တင်မှုလုပ်ငန်းများ ဆောင်ရွက်နေမှုကို ...

ရန်ကုန်-ပြည် ရထားလမ်းပိုင်းအတွင်း ခရီးသွားပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစွာ သွားလာနိုင်ရေးနှင့် ရထားလမ်းပိုင်း အဆင့်မြှင့်တင်မှုလုပ်ငန်းများ ဆောင်ရွက်နေမှုကို ကွင်းဆင်းကြပ်မတ်ရန်အတွက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါက်တာမျိုးသော်နှင့် တာဝန်ရှိသူများသည် ယနေ့ ဇူလိုင် ၁၆ ရက်တွင် ရန်ကုန်မှ မှော်ဘီဘူတာအထိ RBE ရထားဖြင့် လိုက်ပါစီးနင်းကာ မြေပြင်ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရသည်။ယင်းကွင်းဆင်းစစ်ဆေးမှုတွင် မြန်မာ့မီးရထားနှင့် စည်ပင်သာယာရေးအဖွဲ့ အပါအဝင် သက်ဆိုင်ရာဌာနဆိုင်ရာ တာဝန်ရှိသူများ ပူးပေါင်းပါဝင်ခဲ့ကြပြီး၊ ရထားလမ်းတစ်လျှောက် မတော်တဆမှုများ ဖြစ်စေနိုင်သည့် တရားမဝင် လမ်းကူးနေရာ (Level Crossing) များ ပိတ်သိမ်းရေးနှင့် ရထားလမ်းဘေး ခွင့်ပြုချက်မရှိဘဲ နေထိုင်သူများ (ကျူးကျော်များ) ကို ရှင်းလင်းရေး ကိစ္စရပ်များကို ညှိနှိုင်းဆောင်ရွက်ခဲ့ကြသည်။ ထို့ပြင် ရထားလမ်းပိုင်း ကြံ့ခိုင်မှုရှိစေရန် လက်ရှိဆောင်ရွက်နေသည့် သံလမ်းပြုပြင်ထိန်းသိမ်းခြင်း၊ ဇလီဖားတုံးများ မြှင့်တင်ခြင်းနှင့် ကျောက်ချခြင်းလုပ်ငန်းများအား စနစ်တကျ ရှိ၊ မရှိ အသေးစိတ် ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

news-view-count-icon

13