back

ရှမ်းပြည်နယ်၌ ဘိန်းစိမ်းဈေးနှုန်း ကျဆင်းလာမှုကြောင့် ကော်ဖီအစားထိုး စိုက်ပျိုးမှုများလာ

Jul 17 • 4:12 AM

breaking-news

မြန်မာ

ရှမ်း

cover

ရှမ်းပြည်နယ်၌ ဘိန်းစိမ်းဈေးနှုန်း ကျဆင်းလာမှုကြောင့် ကော်ဖီအစားထိုး စိုက်ပျိုးမှုများလာ

ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီး၊ ဟိုပုံး၊ ဆီဆိုင်နှင့် ပင်လောင်းမြို့နယ်တို့တွင် ဘိန်းစိမ်းဈေးနှုန်းများ ကျဆင်းလာခြင်းကြောင့် ဘိန်းစိုက်ပျိုးမှု လျော့နည်းလာပြ...

ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီး၊ ဟိုပုံး၊ ဆီဆိုင်နှင့် ပင်လောင်းမြို့နယ်တို့တွင် ဘိန်းစိမ်းဈေးနှုန်းများ ကျဆင်းလာခြင်းကြောင့် ဘိန်းစိုက်ပျိုးမှု လျော့နည်းလာပြီး ၎င်းအစား ကော်ဖီအပါအဝင် နှစ်ရှည်သီးနှံများကို အစားထိုးစိုက်ပျိုးမှုများ ရှိလာကြောင်း သိရသည်။ ကော်ဖီဈေးနှုန်းမှာ ယခင်နှစ်များက တစ်ပိဿာလျှင် ကျပ် ၂,၀၀၀ ဝန်းကျင်သာ ရှိခဲ့သော်လည်း ပြီးခဲ့သည့် ၂၀၂၅ ခုနှစ်မှစ၍ တစ်ပိဿာလျှင် ကျပ် ၁၂,၀၀၀ အထိ ဈေးကောင်းရရှိလာခြင်းကြောင့် တောင်သူများက ကော်ဖီ၊ ထောပတ်နှင့် သနပ်ဖက်ကဲ့သို့သော နှစ်ရှည်ပင်များကို ပိုမိုရွေးချယ်စိုက်ပျိုးလာကြခြင်း ဖြစ်သည်။သို့သော်လည်း ဒေသတွင်း၌ လူငယ်များ နိုင်ငံခြားသို့ သွားရောက်လုပ်ကိုင်ကြသဖြင့် နေအိမ်များတွင် သက်ကြီးရွယ်အိုများသာ ကျန်ရှိတော့ခြင်းကြောင့် စိုက်ပျိုးလုပ်ကိုင်နိုင်မည့် လူအင်အား နည်းပါးလာသည့် အခက်အခဲများနှင့် ရင်ဆိုင်နေရကြောင်း သိရသည်။

news-view-count-icon

19