back

ရှမ်းပြည်နယ်၊ မူဆယ်မြို့တွင် ပျောက်ဆုံးနေသည့် အသက် ၂ နှစ်အရွယ် ကလေးငယ်တစ်ဦး ရေနစ်သေဆုံးလျက် ပြန်လည်တွေ့ရှိ

Jul 17 • 2:33 AM

breaking-news

မြန်မာ

ရှမ်း

cover

ရှမ်းပြည်နယ်၊ မူဆယ်မြို့တွင် ပျောက်ဆုံးနေသည့် အသက် ၂ နှစ်အရွယ် ကလေးငယ်တစ်ဦး ရေနစ်သေဆုံးလျက် ပြန်လည်တွေ့ရှိ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့၊ စက်မှုရပ်ကွက်တွင် နေထိုင်ပြီး ပျောက်ဆုံးနေသည့် အသက် ၂ နှစ်အရွယ် ကလေးငယ်တစ်ဦး၏ ရုပ်အလောင်းကို ရေနစ်သေဆုံးလျက် ပြန်လည်တွေ့ရှ...

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့၊ စက်မှုရပ်ကွက်တွင် နေထိုင်ပြီး ပျောက်ဆုံးနေသည့် အသက် ၂ နှစ်အရွယ် ကလေးငယ်တစ်ဦး၏ ရုပ်အလောင်းကို ရေနစ်သေဆုံးလျက် ပြန်လည်တွေ့ရှိခဲ့ကြောင်း သိရသည်။ မောင်စန်းဖြိုးမောင် အမည်ရှိ အဆိုပါ ကလေးငယ်သည် ဇူလိုင် ၁၅ ရက် ညနေ ၄ နာရီခန့်ကတည်းက ပျောက်ဆုံးနေခဲ့ခြင်းဖြစ်ပြီး၊ ယမန်နေ့ ဇူလိုင် ၁၆ ရက်တွင် မန့်မိုင်ကုန်း ရခိုင်ဂိတ်အောက်အနီးရှိ ရေကန်တစ်ခုအတွင်း၌ သေဆုံးလျက် တွေ့ရှိခဲ့ကြခြင်းဖြစ်သည်။ ၎င်းကလေးငယ်မှာ ယခင်က ဖခင်ဖြစ်သူ ငါးမျှားရာသို့ လိုက်ပါသွားလေ့ရှိပြီး ယခုအခါ ရေကန်အတွင်း ပြုတ်ကျကာ ရေနစ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ မူဆယ်မြို့၌ ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၇ ရက်ကလည်း ရွှေလီမြစ်အတွင်း ရေဆော့ကစားသည့် အသက် ၁၀ နှစ်အရွယ် ကလေးငယ် ၂ ဦး ရေနစ်သေဆုံးမှု ဖြစ်ပွားခဲ့ဖူးသဖြင့် မိဘပြည်သူများအနေဖြင့် မိမိတို့၏ ကလေးငယ်များကို အထူးဂရုစိုက် ထိန်းသိမ်းကြရန် ဒေသခံများက တိုက်တွန်းပြောဆိုထားကြသည်။

news-view-count-icon

22