ကချင်ပြည်နယ်၊ မြစ်ကြီးနား-ပူတာအိုလမ်းရှိ မြစ်ကြီးနားနှင့် တီယန်ဇွပ်ကျေးရွာကြား အင်ဂျစ်ကျေးရွာအနီးတွင် မနေ့မွန်းလွှဲပိုင်းက တောင်ပြိုမှုဖြစ်ပွားပြီး တံတားတစ်ခြမ်းပါ ပြိုကျပျက်စီးကာ လမ်းပိတ်ဆို့မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။ အဆိုပါ မြေပြိုရွံ့နွံပိတ်ဆို့မှုကြောင့် မြစ်ကြီးနားသို့ ဆင်းလာသည့် မော်တော်ယာဉ်နှင့် ကုန်ကား အစီးရေ ၃၀ ခန့် လမ်းတွင် ပိတ်မိနေပြီး ပူတာအိုသို့ တက်မည့် ခရီးသည်တင်ကားအချို့မှာမူ မြစ်ကြီးနားသို့ ပြန်လှည့်ခဲ့ကြသည်။ ပူတာအိုမြို့သို့ ကုန်စည်တင်ပို့ရာ တစ်ခုတည်းသော လမ်းပိုင်းဖြစ်သဖြင့် လမ်းပိတ်ဆို့မှု ကြာမြင့်ပါက ကုန်ဈေးနှုန်းများ မြင့်တက်လာနိုင်၍ အမြန်ဆုံး ရှင်းလင်းပေးရန် ဒေသခံများက လိုလားနေကြပြီး၊ ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် လမ်းပိတ်စဉ်ကလည်း ပူတာအိုတွင် ဆန်တစ်အိတ် နှစ်သိန်းရှစ်သောင်းကျပ်နှင့် ဓာတ်ဆီတစ်လီတာ သုံးသောင်းကျပ်အထိ ဈေးနှုန်း ခုန်တက်ခဲ့ဖူးကြောင်း သိရသည်။
Jul 16 • 6:44 AM
မြန်မာ
ကချင်
မျှဝေမည်
| 31 | 0 | 0 | 0 |


