တရုတ်နိုင်ငံ ဘဏ္ဍာရေးဝန်ကြီးဌာနနှင့် အရေးပေါ်စီမံခန့်ခွဲရေးဝန်ကြီးဌာနတို့ ပူးပေါင်းကာ ကွမ်ရှီး၊ ကျဲ့ကျန်း၊ ဟဲပေ အပါအဝင် ပြည်နယ်အဆင့် ဒေသ ၁၀ ခု၌ ရေကြီးရေလျှံမှုထိန်းချုပ်ရေးနှင့် တိုင်ဖွန်းမုန်တိုင်း သက်ရောက်မှုလျော့ပါးရေး လုပ်ငန်းများအတွက် ဗဟိုသဘာဝဘေးအန္တရာယ် သက်သာလျော့ပါးရေး ရန်ပုံငွေမှ ယွမ် သန်း ၄၃၀ (အမေရိကန်ဒေါ်လာ ၆၃ သန်းခန့်) ကို လျာထားသတ်မှတ်ခဲ့ကြောင်း သိရသည်။ အဆိုပါ ရန်ပုံငွေများထဲမှ ယွမ် သန်း ၁၅၀ ကို မုန်တိုင်းဒဏ် အပြင်းအထန်ခံခဲ့ရသည့် ကွမ်ရှီးဒေသရှိ ဒေသခံများအား ပြန်လည်နေရာချထားရန်၊ ယာယီနေထိုင်မှုနှင့် ပျက်စီးသွားသော နေအိမ်များ ပြန်လည်ပြင်ဆင်ရန် အသုံးပြုမည်ဖြစ်ပြီး၊ ကျန်ရှိသော ယွမ် သန်း ၂၈၀ ကို အခြားဒေသ ၉ ခု၏ ရှာဖွေကယ်ဆယ်ရေး၊ ဘေးလွတ်ရာရွှေ့ပြောင်းရေးနှင့် နောက်ဆက်တွဲ သဘာဝဘေးအန္တရာယ် စစ်ဆေးဖယ်ရှားရေး လုပ်ငန်းများတွင် ခွဲဝေအသုံးပြုသွားမည်ဖြစ်ကြောင်း သိရသည်။
တရုတ်နိုင်ငံက ရေကြီးရေလျှံမှုထိန်းချုပ်ရေးနှင့် တိုင်ဖွန်းမုန်တိုင်းဒဏ်ခံ ပြည်နယ် ၁၀ ခုအတွက် ယွမ် သန်း ၄၃၀ လျာထားသတ်မှတ်
Jul 15 • 9:12 AM
တရုတ်
ပြည်တွင်းသတင်း
မျှဝေမည်
| 8 | 0 | 0 | 0 |


