ထိုင်းနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်လာခြင်းနှင့် ရာဇဝတ်မှုကျူးလွန်သည့် နိုင်ငံခြားသားများကို ပိုမိုမြန်ဆန်စွာ ပြည်နှင်ဒဏ်ပေးနိုင်ရန်အတွက် ဝန်ကြီးချုပ်ရုံး၏ စည်းမျဉ်းမူကြမ်းကို ထိုင်းအစိုးရအဖွဲ့က အတည်ပြုလိုက်ကြောင်း သိရသည်။ အဆိုပါ စည်းမျဉ်းသစ်တွင် (၁) တရားမဝင် ဝင်ရောက်/နေထိုင်ခြင်း၊ (၂) အလုပ်အကိုင်ဆိုင်ရာဥပဒေ ချိုးဖောက်ခြင်း၊ (၃) စီးပွားရေးလုပ်ငန်းဆိုင်ရာဥပဒေ ချိုးဖောက်ခြင်း၊ (၄) အစိုးရစာရွက်စာတမ်းအတု အသုံးပြုခြင်း၊ (၅) ထောင်ဒဏ် ၃ နှစ်နှင့်အထက် ကျခံရမည့် ပြစ်မှုကျူးလွန်ခြင်းနှင့် (၆) ၎င်းပြစ်မှုများတွင် ပါဝင်ပတ်သက်ခြင်းဟူ၍ ပြည်နှင်ဒဏ်ပေးနိုင်သည့် ပြစ်မှု ၆ မျိုး သတ်မှတ်ထားသည်။ စည်းမျဉ်းမူကြမ်းအရ အကျဉ်းဦးစီးဌာနသည် နိုင်ငံခြားသားအကျဉ်းသားများကို မလွှတ်ပေးမီ ၎င်းတို့၏ အချက်အလက်များကို ပြည်ထဲရေးဝန်ကြီးဌာနသို့ လွှဲပြောင်းပေးရမည်ဖြစ်ပြီး၊ ပြည်ထဲရေးဝန်ကြီး၏ အမိန့်ဖြင့် ၎င်းတို့၏ မိခင်နိုင်ငံ သို့မဟုတ် နောက်ဆုံးနေထိုင်ခဲ့သည့် နိုင်ငံများသို့ စနစ်တကျ ပြန်လည်နှင်ထုတ်သွားမည်ဖြစ်ကြောင်း သိရသည်။
ထိုင်းနိုင်ငံအတွင်းရှိ နိုင်ငံခြားသားများအား ပြည်နှင်ဒဏ်ပေးနိုင်မည့် အကြောင်းအရင်း ၆ ချက်ပါဝင်သော စည်းမျဉ်းမူကြမ်းကို ထိုင်းအစိုးရ အတည်ပြု
Jul 15 • 9:10 AM
ထိုင်း
ပြည်တွင်းသတင်း
မျှဝေမည်
| 12 | 0 | 0 | 0 |


