ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့တွင် ဇူလိုင် ၁၄ ရက်က ကျင်းပခဲ့သည့် စိုက်ပျိုးမွေးမြူရေးအခြေခံ MSMEs လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး အလုပ်ရုံဆွေးနွေးပွဲ၌ MSME လုပ်ငန်းများ ဘဏ္ဍာရေးထောက်ပံ့မှု ရရှိစေရန်အတွက် သမားရိုးကျ အာမခံပုံစံမျိုးမဟုတ်ဘဲ လုပ်ငန်းရှင်များ ခံသာနိုင်မည့် သီးခြားအာမခံပုံစံသစ်ဖြင့် စီစဉ်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း A Bank Public Company Limited ၏ ဒုတိယအမှုဆောင်အရာရှိချုပ် ဦးမျိုးဝင်းသန်းက ပြောကြားခဲ့သည်။
MSME လုပ်ငန်းရှင်များအတွက် ပုံမှန်မဟုတ်သော သီးခြားအာမခံပုံစံဖြင့် ချေးငွေဆောင်ရွက်ပေးမည်ဟု A Bank ထုတ်ပြန်
Jul 15 • 9:06 AM
မြန်မာ
ဧရာ၀တီ
မျှဝေမည်
| 27 | 0 | 0 | 0 |


