ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုံလေ အားကောင်းနေခြင်း၊ ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်း၌ လေဖိအားနည်းရပ်ဝန်း ဖြစ်ပေါ်လာနိုင်ခြင်းတို့ကြောင့် ဇူလိုင် ၁၅ ရက်မှ ၂၁ ရက်အထိ မြန်မာနိုင်ငံဒေသအများစုတွင် မိုးထစ်ချုန်းရွာပြီး မိုးကြီးနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက သတိပေးချက် (၁၆/၂၀၂၆) ဖြင့် ထုတ်ပြန်ထားသည်။ အဆိုပါကာလအတွင်း နေပြည်တော်၊ ရန်ကုန်၊ မန္တလေး၊ ပဲခူး၊ ဧရာဝတီ၊ တနင်္သာရီ၊ စစ်ကိုင်းတိုင်းအထက်ပိုင်းနှင့် ကချင်၊ ကရင်၊ ချင်း၊ မွန်၊ ရခိုင်၊ ရှမ်းပြည်နယ်တို့တွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးရွာသွန်းကာ အချို့ဒေသများ၌ နေရာကွက်၍ မိုးကြီးနိုင်သဖြင့် ကုန်းမြင့်ဒေသအနီး နေထိုင်သူများအနေဖြင့် မြေပြိုမှုအန္တရာယ်နှင့် မြစ်ချောင်း၊ လွင်ပြင်အနီး နေထိုင်သူများအနေဖြင့် ရုတ်တရက်ရေကြီးခြင်း၊ လျှံကျခြင်းတို့ကို ကြိုတင်သတိပြုကြရန် အသိပေးထားကြောင်း သိရသည်။
ဇူလိုင် ၂၁ ရက်အထိ မြန်မာနိုင်ငံ ဒေသအများစုတွင် မိုးကြီးနိုင်သဖြင့် ရုတ်တရက်ရေကြီးခြင်းနှင့် မြေပြိုမှုအန္တရာယ် သတိပြုရန် မိုးဇလ ထုတ်ပြန်
Jul 15 • 9:05 AM
မြန်မာ
ပြည်တွင်း
မျှဝေမည်
| 31 | 0 | 0 | 0 |


