back

ပြည်တွင်း၌ ကုန်ကြမ်းရှားပါးမှုကြောင့် မျှစ်ချဉ်ဈေးနှုန်း ယခင်နှစ်ထက် နှစ်ဆခန့်အထိ သိသိသာသာ မြင့်တက်လာ

Jul 15 • 3:37 AM

breaking-news

မြန်မာ

ပြည်တွင်း

cover

ပြည်တွင်း၌ ကုန်ကြမ်းရှားပါးမှုကြောင့် မျှစ်ချဉ်ဈေးနှုန်း ယခင်နှစ်ထက် နှစ်ဆခန့်အထိ သိသိသာသာ မြင့်တက်လာ

မျှစ်ချဉ်ထုတ်လုပ်ရန် အဓိကကုန်ကြမ်းဖြစ်သည့် မျှစ်အစိမ်းရရှိမှု ခက်ခဲလာခြင်းကြောင့် ယခုနှစ်တွင် မျှစ်ချဉ်ဈေးနှုန်းများ တရိပ်ရိပ် မြင့်တက်လျက်ရှိပြီး ယခင်နှစ်ထက် န...

မျှစ်ချဉ်ထုတ်လုပ်ရန် အဓိကကုန်ကြမ်းဖြစ်သည့် မျှစ်အစိမ်းရရှိမှု ခက်ခဲလာခြင်းကြောင့် ယခုနှစ်တွင် မျှစ်ချဉ်ဈေးနှုန်းများ တရိပ်ရိပ် မြင့်တက်လျက်ရှိပြီး ယခင်နှစ်ထက် နှစ်ဆနီးပါးအထိ ဈေးမြင့်သွားကြောင်း မျှစ်ချဉ်ထုတ်လုပ်ရောင်းချသူများထံမှ သိရသည်။တောင်ပေါ်ဒေသများတွင် ဝါးတောများနှင့် ဝါးမျိုးစိတ်များ တဖြည်းဖြည်း ရှားပါးလာခြင်းကြောင့် မျှစ်အစိမ်းရရှိရန် ယခင်ကကဲ့သို့ မလွယ်ကူတော့ဘဲ ကုန်ကြမ်းဈေးနှုန်းများ ဆက်တိုက်မြင့်တက်လာခဲ့သည်။ ယမန်နှစ် မိုးတွင်း (ဇူလိုင်လ) က တစ်ပိဿာလျှင် ၃,၀၀၀ ကျပ်မှ ၄,၀၀၀ ကျပ်အကြားသာ ရှိခဲ့သည့် နာမည်ကြီး ပျဉ်းမနား ဝါးပိုးမျှစ်ချဉ်အဟောင်း (ကျောက်ဖိ) ဈေးနှုန်းသည် ယခုနှစ်တွင် လက်ကားဒိုင်ဈေး တစ်ပိဿာလျှင် ၇,၀၀၀ ကျပ်နှင့် လက်လီဈေး တစ်ပိဿာလျှင် ၈,၅၀၀ ကျပ်အထိ မြင့်တက်သွားကြောင်း သိရသည်။မြန်မာနိုင်ငံတွင် မျှစ်ချဉ်ကို မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ပြင်ဦးလွင်မြို့နှင့် နေပြည်တော် ပျဉ်းမနားမြို့တို့တွင် အဓိကထုတ်လုပ်ပြီး ပျဉ်းမနားဒေသထွက် ဝါးပိုးမျှစ်ချဉ်သည် ဈေးကွက်အတွင်း အထူးလူကြိုက်များသော ဒေသထွက်ကုန်တစ်ခု ဖြစ်သည်။

news-view-count-icon

19