back

တရုတ်ဆိပ်ကမ်းများတွင် ပနားမားအလံတင်သင်္ဘောများကို စစ်ဆေးခြင်းမှာ နိုင်ငံတကာကွန်ဗင်းရှင်းများနှင့် ကိုက်ညီကြောင်း တရုတ်တုံ့ပြန်

Jul 15 • 1:35 AM

breaking-news

တရုတ်

ပြည်တွင်းသတင်း

cover

တရုတ်ဆိပ်ကမ်းများတွင် ပနားမားအလံတင်သင်္ဘောများကို စစ်ဆေးခြင်းမှာ နိုင်ငံတကာကွန်ဗင်းရှင်းများနှင့် ကိုက်ညီကြောင်း တရုတ်တုံ့ပြန်

တရုတ်နိုင်ငံသည် ပနားမားအလံလွှင့်ထူထားသော သင်္ဘောများအပေါ် "အရေးယူပိတ်ဆို့မှုများ" ချမှတ်လုပ်ဆောင်နေသည်ဟု အမေရိကန်နှင့် ပနားမားတို့က စွပ်စွဲပြောဆိုထားမှုအပေါ် တရ...

တရုတ်နိုင်ငံသည် ပနားမားအလံလွှင့်ထူထားသော သင်္ဘောများအပေါ် "အရေးယူပိတ်ဆို့မှုများ" ချမှတ်လုပ်ဆောင်နေသည်ဟု အမေရိကန်နှင့် ပနားမားတို့က စွပ်စွဲပြောဆိုထားမှုအပေါ် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ လင်းကျန့်က ဇူလိုင်လ ၁၃ ရက် ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် ငြင်းဆိုတုံ့ပြန်ခဲ့ကြောင်း CRI သတင်းအရ သိရသည်။ပြောရေးဆိုခွင့်ရှိသူ လင်းကျန့်၏ ပြောကြားချက်အရ ယခုနှစ်အတွင်း တရုတ်ရေပိုင်နက်၌ ပနားမားအလံတင်သင်္ဘောများသည် အဆင့်မြင့် သို့မဟုတ် ယင်းထက်ကျော်လွန်သော ရေကြောင်းလုံခြုံရေးဆိုင်ရာ မတော်တဆမှုများ အကြိမ်ကြိမ် ဖြစ်ပွားခဲ့ကြောင်း သိရသည်။ တရုတ်နိုင်ငံအနေဖြင့် ရေကြောင်းသွားလာမှုနှင့် လူပုဂ္ဂိုလ်များ၏ ဘေးကင်းလုံခြုံရေးကို အထူးအလေးထားသဖြင့် ဥပဒေများနှင့်အညီ ဆိပ်ကမ်းများတွင် ဆိုက်ကပ်ထားသော သင်္ဘောများကို ဆိပ်ကမ်းအာဏာပိုင်များက ကြီးကြပ်စစ်ဆေးခြင်းဖြစ်ပြီး၊ ယင်းလုပ်ဆောင်ချက်မှာ နိုင်ငံတကာကွန်ဗင်းရှင်းများနှင့် အပြည့်အဝကိုက်ညီကြောင်း ၎င်းက ရှင်းလင်းပြောကြားခဲ့သည်။

news-view-count-icon

6