ပြီးခဲ့သည့် ဇူလိုင် ၁၁ ရက်က ဖွင့်လှစ်ခဲ့သော ပြင်ဦးလွင်မြို့ရှိ အနီးစခန်းလေဆိပ်ကို အခြေပြုပြီး မြန်မာအမျိုးသားလေကြောင်းလိုင်း၊ မင်္ဂလာလေကြောင်းလိုင်း၊ အဲသံလွင်လေကြောင်းလိုင်းနှင့် မန်းရတနာပုံလေကြောင်းလိုင်း (၄) လိုင်းတို့က ရန်ကုန်၊ နေပြည်တော်၊ မန္တလေး၊ တာချီလိတ်နှင့် ဟဲဟိုးမြို့များသို့ အပတ်စဉ် တနင်္လာ၊ ဗုဒ္ဓဟူး၊ သောကြာ၊ စနေနေ့များတွင် တိုက်ရိုက်ပုံမှန် ပျံသန်းပြေးဆွဲပေးလျက်ရှိကြောင်း သိရသည်။ ထို့ပြင် အပြည်ပြည်ဆိုင်ရာ မြန်မာ့လေကြောင်း (MAI) ကလည်း လာမည့် ဇူလိုင် ၁၈ ရက်မှ စတင်ကာ ရန်ကုန်-ပြင်ဦးလွင် (အနီးစခန်း) ခရီးစဉ်သစ်ကို ထပ်မံတိုးချဲ့ ပျံသန်းပြေးဆွဲသွားမည်ဖြစ်ကြောင်း သိရသည်။
ပြင်ဦးလွင် (အနီးစခန်း) လေဆိပ်ကို အခြေပြု၍ လေကြောင်းလိုင်း ၄ လိုင်း တိုက်ရိုက်ပျံသန်းပြေးဆွဲနေပြီး MAI ကလည်း ဇူလိုင် ၁၈ ရက်မှစတင်၍ ရန်ကုန်-ပြင်ဦးလွင် ခရီးစဉ် ပြေးဆွဲမည်
Jul 14 • 12:28 PM
မြန်မာ
မန္တလေး
မျှဝေမည်
| 13 | 0 | 0 | 0 |


